အိန္ဒိယနိုင်ငံသည် ၎င်း၏ ဒီမိုကရက်တစ်ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံနှင့် ကိုးရီးယားသမ္မတနိုင်ငံတို့၏ခေါင်းဆောင်များ၏ ပူးတွဲငြိမ်းချမ်းရေးအစပျိုးမှုများအား ထောက်ခံမှုကို ထပ်လောင်းအတည်ပြုလိုက်သည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏ ဒီမိုကရက်တစ်ကိုးရီးယားပြည်သူ့သမ္မတနိုင်ငံနှင့် ကိုးရီးယားသမ္မတနိုင်ငံတို့၏ ပူးတွဲငြိမ်းချမ်းရေး အစပျိုးမှုများအား ထောက်ခံမှုကို ထပ်လောင်းအတည်ပြုလိုက်သည်။ အိန္ဒိယနိုင်ငံသည် နှစ်ဖက်စလုံးတို့အား ကိုးရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးနှင့် ကြီးပွားတိုးတက်မှုတည်ဆောက်ရေးသို့ ရှေ့ရှု့ကြိုးပမ်းချက်များကို အားပေးအားမြောက်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံခြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး V.K.Singh သည် နှစ်ရက်ကြာခရီးစဉ်ဖြင့် မြောက်ကိုးရီးယားနိုင်ငံသို့ လွန်ခဲ့သော အင်္ဂါနေ့က ရောက်ရှိခဲ့ပြီး၊ အနုမြူပြန့်ပွားမှု၏အန္တရာယ်များကို မီးမောင်းထိုးပြသခဲ့သည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းနှင့်ဆက်နွယ်နေသော အနုမြူပြန့်ပွားမှုကြောင့် စိုးရိမ်မကင်းဖြစ်ရမှုတို့ကို ဖေါ်ပြခဲ့သည်။ DPRK နိုင်ငံသည် မိတ်ဆွေနိုင်ငံတနိုင်ငံဖြစ်သည့်အလျောက် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်နိုင်သည့်လုပ်ကိုင်မှုများအား မည်သည့်အခါမျှ ပြုလုပ်လိမ့်မည်မဟုတ်ဟု အလေးအနက် ဖေါ်ပြခဲ့သည်။ နှစ်ဖက်စလုံးတိုပသည် နှစ်နိုင်ငံအကြား သံတမန်ရေးရာ ဆက်ဆံမှုများတည်ဆောက်ခဲ့သည်။ (၄၅) နှစ်ပြည့်အထိမ်းအမှတ်ကို ပညာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်မှတဆင့် ပြည်သူတို့အချင်းချင်း ထိတွေ့ဆက်ဆံရေးများ ခိုင်မာစေရန် သဘောတူခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး Singh သည် မြောက်ကိုးရီးယားနိုင်ငံ ထိပ်တန်းပြည်သူ့လွှတ်တော်ဒုဥက္ကဌ Mr. Kim Yong Dae နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Ri Yong Ho တို့နှင့် တွေ့ဆုံပြီး၊ နိုင်ငံရေး၊ ဒေသပိုင်း၊ စီးပွားရေး၊ ပညာရေးနှင့် နှစ်နိုင်ငံအကြား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေး စသည့်အရေးကိစ္စတို့အား ဆွေးနွေးခဲ့ကြောင်း။