အမေရိကန်ပြည်ထောင်စုအစိုးရသည် အိန္ဒိယနိုင်ငံသို့ AH-64E Apache တိုက်ရဟတ်ယာဉ် (၆) စီးကို  တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း သန်း (၉၃၀) ဖြင့် ရောင်းချရန် ခွင့်ပြုလိုက်ကြောင်း။

အမေရိကန်ပြည်ထောင်စုအစိုးရသည် အိန္ဒိယတပ်မတော်သို့ AH-64E Apache အမျိုးအစား တိုက်ရဟတ်ယာဉ် (၆) စီးကို အမေရိကန်ဒေါ်လာပေါင်း သန်း (၉၃၀) ဖြင့် ရောင်းချရေး သဘောတူစာချုပ်ကို ခွင့်ပြုလိုက်ကြောင်း ယမန်နေ့ညက နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေါ်ပြခဲ့သည်။ အဆိုပါသဘောတူစာချုပ်ကို အမေရိကန်ကွန်ဂရက်လွှတ်တော်သို့ အတည်ပြုမှုရရှိရေးအတွက် တင်သွင်းလိုက်သည်။ အကယ်၍ အမေရိကန်ဥပဒေပြုသမားများက ကန့်ကွက်မှုမပြုလျှင် အဆိုပါသဘောတူညီချက်ကို ရှေ့သို့ချီလိမ့်မည်ဖြစ်သည်။ Boeing နှင့် အိန္ဒိယနိုင်ငံမှ ဖက်စပ်လုပ်ကိုင်သူ Tata ကုမ္ပဏီတို့သည် အိန္ဒိယနိုင်ငံအတွင်း Apache လေယာဉ်ကိုယ်ထည် ဆောက်လုပ်ရေးကို စတင်ခဲ့ပြီးဖြစ်သော်လည်း ယမန်နေ့က ခွင့်ပြုချက်သည် အမေရိကန်ထုတ်လုပ်ရေးမှ အပြီးပြတ်ဆောက်လုပ်ထားသည့် ရဟတ်ယာဉ်များကို တိုက်ရိုက်ရောင်းချရေးအတွက် ဖြစ်ပေသည်။ လေယာဉ်များအပြင် အဆိုပါ ကန်ထရိုက်သည် ညကြည့်အာရုံခံကိရိယာများ၊ GPS လမ်းညွှန်မှုများနှင့် ရာပေါင်းများစွာသော Hellfire သံချပ်ကာကား တိုက်ဖျက်ရေးနှင့် Stinger လေပြင်မှ လေပြင်ပစ် ဒုံးကျည်များပါဝင်ကြောင်း။