အိန္ဒိယဗဟိုဘဏ်တိုက်အုပ်ချုပ်ရေးအရာရှိချုပ်သည် ပြည်သူပိုင်နယ်ပယ်မှ ဘဏ်များ၏ ဆိုးဝါးသည့် ကြေးမငွေများကို ကြီးကြပ်ရန် အခွင့်အာဏာပိုမိုတောင်းဆိုလိုက်သည်။

အိန္ဒိယဗဟိုဘဏ်တိုက်ကြီး RBI သည် အစိုးရထုတ်ချေးသူများ၏ ဆိုးဝါးသော ကြေးမငွေများကို ကြီးကြပ်ကွပ်ကဲရန် အခွင့်အာဏာကို ပိုမိုလိုအပ်လျှက်ရှိသည်။ ဤအကြောင်းကို RBI ၏ အုပ်ချုပ်ရေးအရာရှိချုပ် Mr. Urjit Patel က လွန်ခဲ့သော အင်္ဂါနေ့၌ New Delhi မြို့တွင် ဘဏ္ဍာရေးဆိုင်ရာ ပါလီမန်ရေးရာ အမှုဆောင်ကော်မတီရှေ့တွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ သက်ဆိုင်ရာ အသိုင်းအဝိုင်းများက ယင်းအစည်းအဝေးပွဲတွင် အုပ်ချုပ်ရေးအရာရှိချုပ်သည် ဥပဒေပြုသမားများထံမှ ဆိုးဝါးသော အကြေးမငွေများ၊ ဘဏ်အရှုပ်တော်ပုံများ၊ ငွေသားအခက်အခဲများနှင့် တခြားအရေးကိစ္စများနှင့်ပါတ်သက်၍ ခက်ခဲ့သည့် မေးခွန်းများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဖေါ်ပြကြသည်။ အဆိုပါအသိုင်းအဝိုင်းက Mr. Patel သည် အဖွဲ့ဝင်တို့အား စနစ်ကို အားဖြည့်ခိုင်မာစေရေးအတွက် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း အာမခံပေးခဲ့သည်ဟု ဖေါ်ပြကြသည်။ Mr. Patel သည် ပြည်သူပိုင်နယ်ပယ်မှ ဘဏ်များကို ထိန်းချုပ်ရာ၌ တောင့်တင်းမှုမရှိသော အခွင့်အာဏာများ ရှိနေသည်ဟု ဖေါ်ပြခဲ့သည်။ Mr. Patel သည် ထွက်ပြေးတိမ်ရှောင်နေသည့် ကျောက်မျက်ရတနာကုန်သည်ကြီး Nirav Modi နှင့် ၎င်း၏အပေါင်းအပါတို့ ကျူးလွန်ခဲ့ကြသည်ဟု စွတ်စွဲခံနေရသော Punjab National Bank ၌ လိမ်လည်မှုနှင့်ပါတ်သက်သည့် စုံစမ်းမှုများကိုလည်း ဖြေကြားခဲ့သည်။ Mr.Patel သည် အဆိုပါ ပင်နယ်အဖွဲ့အား ဘဏ်စံနစ်ခိုင်မာရေးအတွက် ခြေလှမ်းများ စတင်နေပြီဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။ NPA အခြေအနေနှင့်ပါတ်သက်၍ Mr. Patel သည် RBI ဗဟိုဘဏ်တိုက်ကြီးက အကြပ်အတည်းများကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်လျှက်ရှိသည်ကို ဖေါ်ပြခဲ့ကြောင်း။