Jammu နှင့် Kashmir ပြည်နယ်တွင် လက်ထောက်တပ်မှူးအပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့ BSF မှ တပ်ဖွဲ့ဝင် (၄) ဦးတို့သည် နိုင်ငံတကာ နယ်ခြားတလျှောက် ပါကစ္စတန်နိုင်ငံ၏ ပစ်ခတ်မှုတွင် ကျဆုံးခဲ့ကြသည်။

လွန်ခဲ့သောညက Jammu နှင့် Kashmir ပြည်နယ် Samba ခရိုင်ရှိ နိုင်ငံတကာ နယ်ခြားတလျှောက် ပါကစ္စတန်တပ်ဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်ထောက်တပ်မှူးအပါအဝင် BSF နယ်ခြားစောင့်တပ်ဖွဲ့ဝင် (၄) ဦး ကျဆုံးခဲ့ပြီး၊ တပ်သား (၅) ဦးတို့ ဒါဏ်ရာရရှိသွားခဲ့ကြသည်။ BSF အသိုင်းအဝိုင်းက AIR နှင့် တွေ့ဆုံပြောကြားရာတွင် နယ်ခြားတဖက်တချက်မှ ပါကစ္စတန်တပ်ဖွဲ့များသည် လွန်ခဲ့သောည (၁၀) နာရီခန့်အချိန်တွင် Ramgarh ဒေသပိုင်းရှိ Chamliyal နှင့် Narayanpur BSF ကင်းစခမ်းများကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ဖေါ်ပြသည်။ ပါကစ္စတန် Rangers တပ်ဖွဲ့ဝင်များ၏ Sniper သေနတ်ဖြင့် တိုက်ခိုက်မှုသည် အိန္ဒိယနိုင်ငံဘက်၌ ကင်းစောင့်လျှက်ရှိကြသော နယ်ခြားစောင့်တပ်ဖွဲ့၌ အသက်ဆုံးရှုံးမှုများနှင့် ဒါဏ်ရာရရှိမှုများ ဖြစ်ပွားစေခဲ့သည်။ နယ်စပ်ဒေသကို စောင့်ရှောက်လျှက်ရှိနေခဲ့ကြသော BSF တပ်ဖွဲ့များက တုန့်ပြန်တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲသည် ညသန်းခေါင် (၂) နာရီကျော်အထိ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပေါ်နေခဲ့ကြောင်း။