Mr. Kim သည် အနုမြူဖျက်သိမ်းရေးမှာ ရန်ငြိုးထားရေးဝါဒ အဆုံးသတ်မှုအပေါ် မူတည်သည်ဟု ဖေါ်ပြလိုက်သည်။

မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင် Mr. Kim Jong-un သည် ကိုးရီးယားကျွန်းဆွယ်အား အနုမြူလက်နက်များ ကင်းရှင်းရေးက Washington နှင့် Pyongyang အစိုးရတို့က တဦးနှင့်တဦး ရန်ငြိုးဖွဲ့ခြင်းကို ရပ်ဆိုင်းသည့် လှုပ်ရှားမှုများအပေါ် မူတည်ကြောင်း ဖေါ်ပြလိုက်သည်။ Mr. Kim အား ကိုးကားလျှက် မြောက်ကိုးရီးယားနိုင်ငံ၏ အစိုးရပိုင် သတင်းမီဒီယာသည် အဆိုပါကျွန်းဆွယ်၌ ငြိမ်းချမ်းရေးနှင့် တည်တံ့ခိုင်မြဲမှု အောင်မြင်ရေးအတွက် နှစ်နိုင်ငံတို့အနေနှင့် တဦးကိုတဦး ရန်လိုမှုများကို ထိန်းချုပ်ပြီး၊ တဦးနှင့်တဦး အပြန်အလှန်နားလည်မှုများ ရရှိရေးအတွက် ခံယူချက်များအပေါ် မူတည်ကြောင်း ဖေါ်ပြသည်။ အဆိုပါသတင်းအေဂျင်စီက Mr. Kim သည် အမေရိကန်ပြည်ထောင်စု သမ္မတအား Pyongyang မြို့သို့ သင့်လျော်သည့်အချိန်၌ လာရောက်ပါရန် ဖိတ်ကြားခဲ့ပြီး၊ Mr. Trump ကလည်း မြောက်ကိုးရီးယားနိုင်ငံခေါင်းဆောင်အား အမေရိကန်ပြည်ထောင်စုသို့ လာရောက်လည်ပါတ်ပါရန် ဖိတ်ကြားခဲ့သည်ဟု သတင်းပေးပို့သည်။ ခေါင်းဆောင်နှစ်ဦးတို့သည် တဦးတယောက်စီ၏ ဖိတ်ကြားမှုများကို လက်ခံခဲ့ကြပြီး၊ နှစ်နိုင်ငံဆက်ဆံမှုများကို တိုးတက်ကောင်းမွန်စေရေးအတွက် ယင်းဖိတ်ကြားမှုက အရေးပါသော နောက်ထပ်အရေးကိစ္စတခုဖြစ်ပေလိမ့်မည်ဟု ဖေါ်ပြခဲ့ကြကြောင်း။