အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးကိစ္စရပ်များကို အာရုံပြုလျှက် ဘက်စုံဆွေးနွေးမှုများပြုလုပ်သွားကြရန် သဘောတူညီလိုက်ကြသည်။

အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးကိစ္စရပ်များကို အာရုံပြုလျှက် ဘက်စုံဆွေးနွေးမှုများပြုလုပ်သွားကြရန် သဘောတူညီလိုက်ကြသည်။ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလုပ်ငန်းရေးရာ ဝန်ကြီး Mr. Suresh Prabhu သည် အမေရိကန်ပြည်ထောင်စုမှ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Mr. Wilbur Ross နှင့် အမေရိကန်ပြည်ထောင်စု ကုန်သွယ်ရေးရာ ကိုယ်စားလှယ်အဖွဲ့မှ အရာရှိ Mr. Robert Lighthizer တို့နှင့်အတူ တွေ့ဆုံဆွေးနွေးမှုတို့တွင် ဤကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသို့ ၂ ရက်ကြာခရီးစဉ်၏ နောက်ဆုံးဖြစ်သည့် အင်္ဂါနေ့တွင် နယူးဒေလီနှင့် ဝါရှင်တန် အစိုးရတို့သည် ယခုအခါ နှစ်နိုင်ငံကုန်သွယ်ရေး တိုးချဲ့ရန်အတွက် အတူတကွ လက်တွဲလုပ်ဆောင်သွားကြမည်ဟု Mr. Prabhu က ဝါရှင်တန်မြို့မှ အိန္ဒိယ သတင်းစာနယ်ဇင်းသမားများကို ဖော်ပြခဲ့သည်။ အိန္ဒိယနိုင်ငံသည် အသေးစိတ် လုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ရန်အတွက် လာမည့်ရက်အနည်းငယ်အတွင်းတွင် တရားဝင် အသင်းတစ်သင်းကို စေလွှတ်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် စီးပွားရေးရာ ဆက်ဆံရေးများနှင့်ပတ်သက်သော အရေးကိစ္စအလုံးစုံတို့အပေါ် ဘက်စုံညှိနှိုင်းမှု စတင်ပြုလုပ်သွားမည်ဟု ဝန်ကြီးက ဖော်ပြခဲ့သည်။ နှစ်ဖက်စလုံးတို့သည် မိမိတို့ တဖက်တချက်စီတွင် ကုန်သွယ်ရေးနှင့် စည်းကြပ်ခွန်ဆိုင်ရာ အရေးကိစ္စများရှိနေကြသည့်အလျောက် အရာရှိများသည် ၎င်းပြဿနာအလုံးစုံတို့ကို ဆွေးနွေးညှိနှိုင်းသွားကြမည်ဟု Mr. Prabhu က ဖော်ပြခဲ့ကြောင်း။