FIFA ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသည် မော်စကိုမြို့တွင် စတင်ယှဉ်ပြိုင်ကျင်းပလျှက်ရှိသည်။ အဖွင့်ပွဲစဉ်တွင် ရုရှားနိုင်ငံသည် ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

၂၁ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့်အတူအဖွင့်ယှဉ်ပြိုင်မှုကို ယနေ့ညနေပိုင်း ရုရှားနိုင်ငံ မော်စကိုမြို့တွင် စတင်သွားမည်ဖြစ်သည်။ တလနီးပါး ကြာမြင့်မည့် ကမ္ဘာ့ဖလားလုပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ၃၂ နိုင်ငံမှ ဘောလုံးအသင်းကို အုပ်စု ၈ စုခွဲထားပြီး ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။ ဂျာမဏီနိုင်ငံအသင်းသည် လက်ရှိချန်ပီယံဖြစ်ပြီး ကမ္ဘာ့ဖလား ၅ ကြိမ်ရရှိထားသည့် ဘရာဇီးအသင်းသည် ဗိုလ်စွဲရန်ရေပန်းအစားဆုံး အသင်းဖြစ်လာသည်။ အာဂျင်တီးနားနိုင်ငံမှ Lionel Messi, ပေါ်တူဂီနိုင်ငံမှ Cristiano Ronaldo နှင့် အီဂျစ်နိုင်ငံမှ Mohamed Salah တို့လို ကမ္ဘာ့ထိပ်သီးကစားသမားများသည်လည်း ပြိုင်ပွဲအတွင်းပါဝင်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး မိမိနိုင်ငံအသင်းကို အောင်ပွဲရရန် ကြိုးစားသွားမည်ဖြစ်သည်။ ပြိုင်ပွဲအဖွင့်နေ့တွင် အုပ်စု (က) တွင်ပါဝင်သည့် အိမ်ရှင် ရုရှားအသင်းသည် ဆော်ဒီအာရေဗျအသင်းနှင့် အိန္ဒိယနိုင်ငံ စံတော်ချိန် ည ၈း၃၀ တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ Luzhniki ကွင်းတွင်ပြုလုပ်မည့် ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာကျော်အဆိုတော် Robbie Williams နှင့်အတူ ရုရှားနိုင်ငံမှ ဆိုပရာနို အဆိုရှင် Aida Garifullina တို့ ပါဝင်သီဆိုဖျော်ဖြေသွားကြမည်ဖြစ်သည်။