ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုကျမှုတို့၌ လူပေါင်း (၁၅၇) ဦး သေဆုံးခဲ့သည်။

အစိုးရသည် ဂျပန်နိုင်ငံအနောက်ပိုင်း၌ သည်းထန်စွာမိုးရွာသွန်မှုကြောင့်ဖြစ်ပေါ်ခဲ့သော ရေကြီးမှုနှင့် မြေပြိုကျမှုတို့တွင် အနည်းဆုံးလူပေါင်း (၁၅၇) ဦး သေဆုံးခဲ့ကြောင်း ဖေါ်ပြသည်။ ယခုအခင်းဖြစ်ပွားမှုသည် လွန်ခဲ့သောနှစ်ပေါင်း (၃၀) ကျော်အတွင်း ဂျပန်နိုင်ငံ၌ မိုးရွာသွန်းမှုကြောင့် သေဆုံးသူဦးရေအများဆုံးဖြစ်ပေသည်။ သက်ဆိုင်ရာ အာဏာပိုင်များက လူပေါင်း (၅၇) ဦးပျောက်ဆုံးနေကြကြောင်း ဖေါ်ပြသည်။ Hiroshima အရပ်ဒေသသည် လူပေါင်း (၅၈) ဦးသေဆုံးခြင်းနှင့်အတူ ရေကြီးမှုဒါဏ် အပြင်းထန်ဆုံးဒေသဖြစ်သည်။ မြစ်များက ၎င်းတို့၏ ကမ်းများကို ဖြတ်ကျော်ပြီး ဝင်လာသောကြောင့် လူပေါင်း (၂) သန်းခန့်ကို ပြောင်းရွှေ့နေရာချထားသည်။ အာဏာပိုင်များသည် မိုးရွာသွန်းမှုကြောင့် နေရာပြောင်းရွှေ့ခံရသူများအတွက် ကျောင်းများနှင့် ကိုယ်ကာယလေ့ကျင့်ရေးစခန်းများ ဖွင့်လှစ်ထားကြသည်။ ယင်းဒေသပိုင်း၌ တောင်ပေါ်မှ မြေပြိုကျနိုင်သည့် အန္တရာယ်များ ကျန်ရှိနေသေးသည်။ ဝန်ကြီးချုပ် Mr. Shinzo Abe သည် ရေကြီးမှုအကြပ်အတည်းများကို လက်ကိုင်ဖြေရှင်းရန် ၎င်း၏နိုင်ငံခြားခရီးစဉ်များကို ဖျက်သိမ်းလိုက်သည်။ အဆိုပါကယ်ဆယ်ရေးလုပ်ငန်းများတွင် မီးသတ်နှင့်စစ်တပ်အပါအဝင် ကယ်ဆယ်ရေးလုပ်သားပေါင်း ၇၀,၀၀၀ ခန့် ပါဝင် ကြိုးပမ်းလျှက်ရှိကြကြောင်း။