ထိုင်းဂူ၊ လူငယ် (၁၂) ဦးနှင့် နည်းပြဆရာတို့အားလုံးအား ကယ်တင်ခဲ့သည်။

ထိုင်းလူငယ်ဘောလုံးအသင်းဝင် (၁၂) ဦးစလုံးနှင့် ၎င်းတို့၏ နည်းပြဆရာတို့အား ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ဂူတလုံးအတွင်းမှ ဘေးကင်းစွာ ထုတ်ယူနိုင်ခဲ့သည်။ ဤအကြောင်းကို ကယ်ဆယ်ရေးအစီအစဉ်၏ တာဝန်ခံဖြစ်သော Navy Seal က ဖေါ်ပြခဲ့သည်။ ယင်းကယ်တင်မှုသည် ကမ္ဘာပေါ်တွင် သာမန်ထက်ကျော်လွန်ပြီး၊ အခက်အခဲများစွာရှိခဲ့သော ကယ်ဆယ်ရေးလုပ်ငန်းဖြစ်သည့် အဆိုပါလူငယ် (၁၂) ဦးနှင့် ၎င်းတို့၏ နည်းပြဆရာတို့သည် ရေကြီးမှုကြောင့် အချိန်နှစ်ပါတ်ကျော်ကတည်းက ပိတ်မိနေခဲ့ကြသည်။ ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်ခဲ့သော Thai Navy Seals အသင်းသည် Facebook ၌ Wild Boars ဟု နာမည်ခေါ်တွင်သော ဘောလုံးအသင်းဝင် (၁၂) ဦးနှင့် နည်းပြဆရာတို့ကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဖေါ်ပြထားသည်။ ပိတ်မိနေသူတဦးစီကို ဥမင်လှိုင်ခေါင်းပါရဂူများက ကယ်ဆယ်ခဲ့ကြသည်။ ယင်းအုပ်စုနှင့်အတူ နေထိုင်ခဲ့သော ကယ်ဆယ်ရေးဆရာဝန်တဦးနှင့် Navy Seals အဖွဲ့ဝင်သုံးဦးတို့မှာ ယခုတိုင်ထွက်ပေါ်လာခြင်းမရှိသေးကြောင်း။