အိန္ဒိယနှင့် တောင်ကိုးရီးယားနိုင်ငံတို့သည် နယ်ပယ်အဖြာဖြာတို့၌ သဘောတူစာချုပ် (၁၁) ခု လက်မှတ်ရေးထိုးခဲ့ကြသည်။

လွန်ခဲ့သောအင်္ဂါနေ့က အိန္ဒိယနှင့် တောင်ကိုးရီးယားနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအပါအဝင် နယ်ပယ်အဖြာဖြာတို့၌ သဘောတူစာချုပ် (၁၁) ခု လက်မှတ်ရေးထိုးခဲ့ကြသည်။ တောင်ကိုးရီးယားသမ္မတနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတခုတွင် ဝန်ကြီးချုပ် Mr. Narendra Modi သည် New Delhi နှင့် Seaul အစိုးရတို့က ဘက်စုံစီးပွားရေး ဖက်စပ်လုပ်ကိုင်မှု သဘောတူစာချုပ်ကို စောလျင်သော အမြတ်အစွန်းရယူရေးအတွက် ကမ်းလှမ်းချက်အသွင်ဖြင့် တိုးမြင့်ရန် ခိုင်မာသောခြေတလှမ်း လှမ်းခဲ့ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း ဖေါ်ပြခဲ့သည်။ Mr. Modi သည် တောင်ကိုးရီးယားကုမ္ပဏီများက အိန္ဒိယနိုင်ငံတွင် ကြီးမားသော အတိုင်းအတာဖြင့် ရင်းနှီးမြှပ်နှံမှုများပြုကြသည်သာမက Make in India အစပျိုးလုပ်ငန်းစဉ်နှင့်ဆက်နွယ်ပြီး၊ အလုပ်နေရာများစွာ ဖန်တီးလျှက်ရှိကြသည်ဟု ဖေါ်ပြခဲ့သည်။ ဝန်ကြီးချုပ်သည် ၎င်းနှင့် Mr. Moon တို့အကြား ဆွေးနွေးမှုများက နှစ်ဖက်စလုံးတို့အကြား နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား တောင့်တင်းခိုင်မြဲစေရေးကို အာရုံပြုခဲ့သည်ဟု ဖေါ်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်သည် အိန္ဒိယနှင့် တောင်ကိုးရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးများကို မိသားစု အနှောင်အဖွဲ့ဖြင့် ချည်နှောင်ထားကြောင်း ပြောကြားခဲ့သည်။ သတင်းထုတ်ပြန်ချက်တခုတွင် တောင်ကိုးရီးယားနိုင်ငံသမ္မတသည် နှစ်နိုင်ငံတို့က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် သဘောတူခဲ့ကြကြောင်း ဖေါ်ပြခဲ့သည်။ ကိုးရီးယားသမ္မတက နှစ်ဖက်စလုံးတို့က ကုန်သွယ်ရေးပမာဏကို အမေရိကန်ဒေါ်လာပေါင်း (၅၀) ဘီလီယံအထိ တိုးချဲ့ရန် သဘောတူခဲ့ကြသည်ဟူ၍လည်း ဖေါ်ပြခဲ့သည်။ ယမန်နေ့ နံနက်က Rashtrapati Bhavan သမ္မတအိမ်တော်ရှေ့ မြက်ခင်းပြင်၌ အလည်အပါတ်ရောက်ရှိနေသော ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အား အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။ ယခုခရီးစဉ်သည် လွန်ခဲ့သောနှစ်တွင် သမ္မတဖြစ်လာပြီးနောက် Mr. Moon ၏ အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံးသော အလည်အပါတ်ခရီးဖြစ်ပေသည်။ Mr. Moon သည် ၎င်း၏ဇနီး Kim Jung Sook နှင့်အတူ လွန်ခဲ့သော တနင်္ဂနွေနေ့က (၄) ရက်ကြာခရီးစဉ်ဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း။