မြန်မာနိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်အတူ ငြိမ်းချမ်းရေးညီလာခံ လမ်းဖွင့်စတင်လိုက်သည်။

ဗုဒ္ဓဟူးနေ့၌ မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ၏ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် တင်းမာသည့် ဆက်ဆံရေးများနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားမှုများဖြင့် နှစ်ပေါင်း ၇၀ ကြာမြင့်ခဲ့ပြီးနောက် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်ရန် တိုင်းရင်းသား လူနည်းစုအဖွဲ့အစည်း ကိုယ်စားလျှယ်များနှင့်အတူ အဓိကကျသည့် ညီလာခံတစ်ရပ်ကို လမ်းဖွင့်ပြုလုပ်ခဲ့ကြသည်။ ငြိမ်းချမ်းရေးညီလာခံအတွင်း တစ်စုံတစ်ရာသော နှောင့်နှေးကြန့်ကြာမှုအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ပြည်သူလူထု၏ အခွင့်အလမ်းကို သက်ရောက်သွားနိုင်မည့်အရေး စိုးရိမ်မကင်းဖြစ်မိကြောင်း ဒေါ်ဆောင်ဆန်းစုကြည်က ညီလာခံတက်ရောက်လာသူများအား အမှာစကားပြောကြားစဉ်ဖော်ပြခဲ့သည်။ ၂၁ ရာစု ပင်လုံညီလာခံ၏ တတိယအကြိမ် ဆွေးနွေးမှုများကို ၅ ရက်ကြာပြုလုပ်ရန်စီစဉ်ထားပြီး ၂၀၁၆ ခုနှစ်၊ ဩဂုတ်လနှင့် ၂၀၁၇ ခုနှစ်၊ မေလတို့အတွင်းပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးမှုများ၏ နောက်ဆက်တွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါ ညီလာခံ ဆွေးနွေးမှုများသည် အစိုးရ၊ တပ်မတော်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး တောင်းဆိုနေသည့် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများအကြား မတူကွဲပြားမှုများ ဖြေရှင်းကြရာတွင် တိုးတက်မှုပေါ်ပေါက်စေရန် မစွမ်းနိုင်ဖြစ်ခဲ့ရသည်။ ညီလာခံ ဖွင့်ပွဲနေ့အခမ်းအနားသို့ အမှာစကားပြောကြားစဉ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ကြန့်ကြာနှောင့်နှေးမှုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျရခြင်း အကြောင်းတစ်ဖြစ်ကြောင်းဖော်ပြလျှက် တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သဘောတူညီချက်တစ်ရပ် အမြန်ရောက်ရှိနိုင်ရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့တွင် ပါဝင်ပတ်သက်သူအားလုံးတို့ကို တောင်းဆိုတိုက်တွန်းခဲ့ကြောင်း။