အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့သည် တရားဝင်လုပ်ဆောင်နေသည့် ကျွမ်းကျင်သူ ပါရဂူများ၏ အတွေ့အကြုံများ မျှဝေဖလှယ်ရေးနှင့်ပတ်သက်၍ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။

 

တရားရုံးများနှင့် ခုံရုံးများရှေ့မှောက်တွင် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အစိုးရ၏လုပ်ဆောင်ချက်များနှင့် တရားဝင် ကျွမ်းကျင်ပညာရှင်များ၏ အတွေ့အကြုံများကို ဖလှယ်ကြရန် အိန္ဒိယနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ကြသည်။ အဆိုပါသဘောတူညီချက်ကို အိန္ဒိယနိုင်ငံ ဥပဒေရေးရာဝန်ကြီး Mr Ravi Shankar Prasad နှင့် ဗြိတိန်နိုင်ငံ၏ တရားဥပဒေရေးရာဝန်ကြီး Mr David Gauke တို့သည် လန်ဒန်မြို့တွင် ယခုအပတ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ သဘောတူညီချက် နားလည်မှုစာချွန်လွှာသည် တရားဝင်ကိစ္စရပ်များအတွင်း နှစ်နိုင်ငံအကြား ပူးပေါင်းလုပ်ဆောင်မှုကို  ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားပြီး ၎င်းသည် နှစ်နိုင်ငံအကြား ကျွမ်းကျင်ပညာရှင်များနှင့် သင်တန်းပေးမှုများမှတဆင့် အပြန်အလှန်နှီးနှောဖလှယ်ကြမည့် တရားစီရင်ရေးနှင့် တရားဝင်လုပ်ဆောင်မှုများအကြား ပိုမိုပြီးပူးပေါင်းလုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးမည့် ဘောင်တခုကိုလည်း တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံတကာရေးရာကိစ္စရပ်များနှင့်စပ်လျင်းပြီး သတင်းအချက်အလက်များကို ဖလှယ်ကြရန်အတွက်လည်း နှစ်နိုင်ငံအကြား သဘောတူညီခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို အိန္ဒိယ ဗဟိုကက်ဘိနက်က လွန်ခဲ့သည့် အပတ်တွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။