ဇူလိုင်လ ၁၅ ရက်နေ့၌ မော်စကိုမြို့တွင်ယှဉ်ပြိုင်ကစားမည့် FIFA ကမ္ဘာ့ဖုလား ဖိုင်နယ်ဗိုလ်လုပွဲစဉ်တွင် ပြင်သစ်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

လာမည့် တနင်္ဂနွေနေ့၌ မော်စကိုမြို့တွင်ယှဉ်ပြိုင်ကစားမည့် FIFA ကမ္ဘာ့ဖုလား ဖိုင်နယ်ဗိုလ်လုပွဲစဉ်တွင် ပြင်သစ်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ခရိုအေးရှားအသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် အင်္ဂလန်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ပြင်သစ်အသင်းနှင့် ဗိုလ်လုပွဲတွင်ယှဉ်ပြိုင်ရန် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ပထမ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပြင်သစ်အသင်းသည် ဘယ်လဂျီယမ်အသင်းကို ၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ အင်္ဂလန်အသင်းနှင့် ဘယ်လဂျီယမ်အသင်းတို့အကြား တတိယနေရာလုပွဲကို ဖိုင်နယ် ဗိုလ်လုပွဲမတိုင်မီ တရက်ကြို၍ စနေနေ့၌ Saint Petersburg မြို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း။