ပြည်ထဲရေးဝန်ကြီး Mr. Rajnath Singh သည် လုံခြုံရေးနှင့် တရားမဝင် လှုပ်ရှားလုပ်ဆောင်ချက်များ တိုက်ဖျက်ရာတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယနေ့ သွားရောက်ရန်ရှိသည်။

အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး Mr Rajnath Singh သည် သုံးရက်ကြာခရီးစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယနေ့ရောက်ရှိသွားသည်။ တရားဝင်သတင်းရင်းမြစ်များအရ Mr Rajnath Singh သည် လုံခြုံရေး၊ နယ်စပ်အရေးကိစ္စများ၊ တရားမဝင်လှုပ်ဆောင်မှုများနှင့် နယ်စပ်ဖြတ်ကျော်မှုများကို ပူးပေါင်းတိုက်ဖျက်ရေးများအပါအဝင် ကိစ္စရပ်အများအပြားတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံပြည်ထဲရေးဝန်ကြီးနှင့် ပြောဆိုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရိုဟင်ဂျာအရေးကိစ္စနှင့်ပတ်သက်၍လည်း ယခုအစည်းအဝေးတွင် ပြောဆိုဆွေးနွေးသွားရန်ရှိသည်။ ပြည်ထဲရေးဝန်ကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Ms Sheikh Hasina နှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ပြီး ဝန်ကြီးချုပ်နှင့်အတူ Mr Rajnath Singh သည် ဒါကာမြို့ရှိ state of art အဆောက်အဦးနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ ဗီဇာလျှောက်ထားရန်စင်တာကို ပူးတွဲဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ မနက်ဖန်တွင် ပြည်ထဲရေးဝန်ကြီး Rajnath Singh သည် Rajshahi သို့ သွားရောက်လည်ပတ်ပြီး Sardah ဘင်္ဂလားဒေ့ရှ် ရဲသင်တန်းရှိ ဘင်္ဂလားဒေ့ရှ်-အိန္ဒိယနိုင်ငံတို့ ပူးတွဲဖွင့်လှစ်ထားသည့် ချစ်ကြည်ရေး အဆောက်အအုံသစ်ကို ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ Mr Rajanath Singh သည် ဆဋ္ဌမမြောက် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ကြီးအဆင့်တွေ့ဆုံဆွေးနွေးပွဲကို ပူးတွဲဦးဆောင်ပြုလုပ်သွားမည်ဖြစ်သည်။