အိန္ဒိယနိုင်ငံသည် Kashmir ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်များနှင့်ပတ်သက်၍ ဝေဖန်ဖော်ပြချက်များအပေါ် ပါကစ္စတန်နိုင်ငံကို တုံ့ပြန်ထိုးနှက်လိုက်သည်။

အိန္ဒိယနိုင်ငံသည် Kashmir ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေကြောင်း ပါကစ္စတန်နိုင်ငံ၏ စွဲချက်ဝေဖန်ချက်များနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံကို ပြန်လည်တုံ့ပြန်ထိုးနှက်လိုက်သည်။ နယူးဒေလီမြို့၌ ယမန်နေ့ကပြုလုပ်သည့် ရှင်းလင်းပြောဆိုမှုတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr Raveesh Kumar က ကုလသမဂ္ဂ မဟာမင်းကြီး၏ Kashmir ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု စွဲချက်များနှင့်ပတ်သက်ပြီး မကြာမှီက အတည်ပြုချက်ပေးခဲ့သည့် အစီရင်ခံထုတ်ပြန်ချက်၏ ရည်ရွယ်ချက်အပေါ် မေးခွန်ထုတ်ခဲ့သည်။ သက်သေအထောက်အထားများသည် အရာရှိ၏ ဘက်လိုက်မှုကို ရှင်းလင်းစွာတွေ့မြင်နေရပြီး ၎င်းသည် အတည်မပြုနိုင်သည့် ရင်းမြစ်များအပေါ်အခြေခံပြီး လုပ်ပိုင်ခွင့်အာဏာမရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Mr Raveesh Kumar က ပြောသည်။ ၎င်းကဆက်လက်ပြောဆိုရာတွင် Islamabad အစိုးရအနေဖြင့် ၎င်းတို့၏နယ်မြေမှ အကြမ်းဖက်ဝါဒ ထုတ်လုပ်နေမှုကို အရင်ဆုံးရပ်တန့်ရန်လိုအပ်ပြီး၊ ပါကစ္စတန်နိုင်ငံအနေဖြင့် ၎င်းဟောပြောသလိုမလုပ်ဆောင်ခြင်းအား မေ့လျော့နေသည်ဟု ပြောဆိုခဲ့သည်။ ပါကစ္စတန်နိုင်ငံနယ်မြေအတွင်းမှ လှုပ်ရှားနေပေါက်ဖွားနေသည့် အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်အဖွဲ့အစည်းများကို ထောက်ပံ့မှုများရပ်တန့်ရန်အတွက် ပါကစ္စတန်နိုင်ငံအား အိန္ဒိယနိုင်ငံအနေဖြင့် အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၏ သဘောထားမှာ မပြောင်းလဲပဲ တစ်သမတ်တည်းဖြစ်ကြောင်း Mr Raveesh Kumar က ပြောဆိုခဲ့သည်။