၂၀၁၈ ခုနှစ်၊ နေတိုးတပ်ဖွဲ့ ထိပ်သီးညီလာခံ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ JNU တက္ကသိုလ်၊ ဥရောပဒေသရေးရာ လေ့လာရေးဌာနမှ ကထိက ပါမောက္ခ ဆောင်းပါးရှင် Ummu Salma Bava ဝေဖန်ရေးသားပေးပို့ထားတဲ့ “၂၀၁၈ ခုနှစ်၊ နေတိုးတပ်ဖွဲ့ ထိပ်သီးညီလာခံ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

မြောက်အတ္တလန္တိတ် သဘောတူစာချုပ်အဖွဲ့ (NATO) တပ်ဖွဲ့ထိပ်သီးညီလာခံဟာ အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၂၉ နိုင်ငံတို့ရဲ့ နိုင်ငံတော် အကြီးအကဲတွေ သို့မဟုတ် အစိုးရ ခေါင်းဆောင်တွေအားလုံး ကိုယ်စားပြုတက်ရောက်မှုနှင့်အတူ Brussels မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အဖွဲ့အစည်းအတွက် ပေါ်လစီသစ်တွေချမှတ်ဖို့ ဒါမှမဟုတ် လမ်းညွှန်ချက်အသစ်တွေ ပေးအပ်ဖို့ မကြာခဏ အသုံးပြုလေ့ရှိတဲ့ မဟာမိတ်အဖွဲ့အတွင်းမှာ အဓိကကျတဲ့ ဖြစ်ရပ်အခမ်းအနားတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်ကာလရဲ့ ပထဝီနိုင်ငံရေးအနေအထားတွေ ပြောင်းလဲပေါ်ပေါက်နေရာမှာ စစ်အေးတိုက်ပွဲ ကာလအတွင်း အနောက် ဥရောပနိုင်ငံတွေအတွက် လုံခြုံရေးရာ အကာအကွယ်တံတိုင်းအဖြစ် ဒီကနေ့ နေတိုးတပ်ဖွဲ့ဟာ ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်းကာလမှာ လုံခြုံရေးရာ စိန်ခေါ်ချက်အသစ်တွေကို ရင်ဆိုင်နေရပါတယ်။ စုပေါင်းကာကွယ်ရေး မဟာမိတ်အဖွဲ့လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ပုဒ်မ ၅ ဟာ ဗဟိုမဏ္ဍိုင်ဖြစ်ပြီး ဒီပုဒ်မဟာ အဖွဲ့ဝင် တစ်ဦးအပေါ် တိုက်ခိုက်မှုအနေနှင့် အဖွဲ့ဝင်အားလုံးတို့အပေါ် တိုက်ခိုက်မှုလို့ယူဆသွားကြဖို့ ဖော်ပြထားပါတယ်။ နေတိုးတပ်ဖွဲ့ဟာ စစ်အေးတိုက်ပွဲအပြီးမှာ ယခင်က ရန်သူတွေလို့ ရှုမြင်ခဲ့ကြတဲ့ ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်းနိုင်ငံတွေကို အဖွဲ့ဝင်အဖြစ်ကမ်းလှမ်းဖို့ တိုးချဲ့ခဲ့ပါတယ်။ ဩဇာကျယ်ပြန့်မှုဟာ နေတိုးတပ်ဖွဲ့ရဲ့ နယ်နိမိတ်တွေကို နှစ်ဖက်စလုံးအတွက် အမြဲတမ်း အမျက်ရှနေခဲ့တဲ့ သမ္မတ Mr. Putin ရဲ့ အုပ်ချုပ်မှုအောက်မှ ရုရှားနိုင်ငံရဲ့ နယ်စပ်ဒေသတွေအထိ ရောက်ရှိခဲ့ပါတယ်။

နေတိုးတပ်ဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေကိုကာကွယ်ဖို့ နိုင်ငံများစွာပါဝင်တဲ့ ကြိုးပမ်းချက်တစ်ရပ်ဖြစ်ပြီး လက်နက်ပစ္စည်းတွေနှင့် ငွေကြေးရင်းမြစ် ပေါင်းစပ်မှုကတဆင့် လုပ်ငန်းလည်ပတ်လျှက်ရှိပါတယ်။ မျှဝေထမ်းရွက်မှုဟာ စုပေါင်းကာကွယ်မှုရဲ့ အချက်အခြာမှာ တည်ရှိပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီအတွင်း အမေရိကန်သမ္မတ Mr. Trump ရာထူးတာဝန် ရရှိမှုနှင့်အတူ နေတိုးတပ်ဖွဲ့ဟာ လွှဲမှားတဲ့ လုပ်ရပ်အားလုံးအတွက် ဥရောပဒေသရဲ့ ကြည့်ရှုမှုအောက်ကို ကျရောက်လာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနှင့် ၎င်းတို့ရဲ့ နေတိုးတပ်ဖွဲ့ မိတ်ဖက်နိုင်ငံတွေအကြား ယေဘုယျ သဘောတူညီချက်တစ်ရပ် လိုအပ်နေတာဟာ အမေရိကန်ပြည်ထောင်စုအတွင်း ခေါင်းဆောင်ပိုင်း အပြောင်းအလဲကို သိသာထင်ရှားစွာ ပေးအပ်ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း သမ္မတ Mr. Trump ရဲ့ မဟာမိတ်တွေကို ဝေဖန်ထားတဲ့ ဖော်ပြချက်တွေနှင့်ပတ်သက်ပြီး မကြုံစဖူး ဂယက်ရိုက် ပေါ်ပေါက်ခဲ့တဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကာလတို့ဟာ နှစ်ဖက်စလုံးတို့အပေါ်မှာ ကွာဟမှု ဘယ်လောက်ကြီးမားတယ်ဆိုတာနှင့် နေ့ချင်းညချင်း ပြန်လည်တည်ဆောက်လို့မရနိုင်တဲ့ ကြီးထွားလာနေတဲ့ ယုံကြည်မှုကင်းမဲ့နေတာကိုသာ ပိုမိုပေါ်လွင်စေလျှက်ရှိပါတယ်။ ညီလာခံ ကြေညာစာတမ်းဟာ တည်ရှိဆဲ နေတိုးတပ်ဖွဲ့ရဲ့ မျှော်မှန်းချက်တွေကို ထပ်မံအခိုင်အမာ ဖော်ပြခဲ့ပေမယ့် နေတိုးတပ်ဖွဲ့ရဲ့ “အသင့်အနေအထားဖြစ်မှု အစပျိုးချက်တွေ” ဒါမှမဟုတ် ရက်ပေါင်း ၃၀ အတွင်း ကြည်းတပ်ရင်း ၃၀၊ လေတပ်ဖွဲ့ ၃၀ နှင့် တိုက်သင်္ဘော ၃၀ တို့ကို တပြိုင်တည်း လုပ်ဆောင်နိုင်တဲ့ အရေအတွက် ၃၀ စီ လေးခုပါတဲ့စီမံကိန်းမှတဆင့် ကြီးထွားလာနေတဲ့ ရုရှားနိုင်ငံရဲ့ တည်ရှိနေမှုကို အာရုံပြုထားပါတယ်။ Mr. Trump ဟာ ၎င်းအနေနှင့် မဟာမိတ်နိုင်ငံတွေနှင့် ပိုမို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပေမယ့် နှစ်ပေါင်း ၇၀ ကာလအတွက် အမေရိကန် နိုင်ငံခြားရေးပေါ်လစီရဲ့ အဓိကပါဝင်ချက်ဟာ အမေရိကန်ပြည်ထောင်စုအနေနှင့် နေတိုးတပ်ဖွဲ့ကို ကတိပြုထားဆဲလား။ နောက်ပြီး ဥရောပဒေသကိုကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားဆဲလား ဆိုတဲ့ မေးခွန်း ၂ ခုနှင့်အတူ ဥရောပဒေသမှ မဟာမိတ်နိုင်ငံတွေအပေါ် ထားရှိခဲ့တာကလွဲလို့ ရေးသားထားချက်တွေမှာ ထူးထူးခြားခြား ပါဝင်ခဲ့တာမျိုး မရှိခဲ့ပါဘူး စသဖြင့် ဆောင်းပါးရှင် ပါမောက္ခ Ummu Salma Bava ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။