အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးတွေ ပိုမိုတိုးတက်နက်ရှိုင်းလာခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JNU တက္ကသိုလ်မှ လက်ထောက် ကထိက ဆောင်းပါးရှင် ပါမောက္ခ Chintamani Mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးတွေ ပိုမိုတိုးတက်နက်ရှိုင်းလာခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အမေရိကန်ပြည်ထောင်စုနှင့်အတူ အိန္ဒိယနိုင်ငံရဲ့ စေ့စပ်လုပ်ဆောင်မှုတွေဟာ ဆက်လက် တိုးတက်နက်ရှိုင်းလျှက်ရှိပါတယ်။ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့ရဲ့ နိုင်ငံခြား ပေါ်လစီချမှတ်ရေးဌာနနှင့် ကာကွယ်ရေးဌာတို့မှ အကြီးအကဲတွေအကြား ၂ ဦးစီ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြဖို့အတွက် နယူးဒေလီအစိုးရရဲ့ ပြင်ဆင်ချက် တစိတ်တပိုင်းအဖြစ် နိုင်ငံခြားရေးအတွင်းဝန် Mr. Vijay Gokhale ဟာ ဝါရှင်တန်မြို့မှာ ရောက်ရှိလျှက်ရှိပါတယ်။

လာမယ့် စက်တင်ဘာလမှာ အင်ဒို-အမေရိကန် ၂ ဦးစီတွေ့ဆုံဆွေးနွေးပွဲတွေကို နယူးဒေလီမြို့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အဲဒီဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr. Mike Pompeo နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စစ် Sushma Swaraj၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mr. Jim Mattis နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မစ် Nirmala Sitharaman တို့ဟာ နှစ်နိုင်ငံတို့အကြား မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုပမာဏနှင့် အရွယ်အစား နောက်ထပ်တိုးမြှင့်သွားကြဖို့ အမြင်တစ်ရပ်နှင့်အတူ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ Trump အုပ်ချုပ်ရေးအဖွဲ့ရဲ့ ရုရှားနိုင်ငံအပေါ်ထားရှိတဲ့ ပေါ်လစီဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံအတွင်း ၎င်းတို့ရဲ့ ကာကွယ်ရေးဈေးကွက်တိုးချဲ့ဖို့ အသေအချာ ကြိုးပမ်းလျှက်ရှိပြီး ဒါဟာ ကြိုဆိုရမှာမဟုတ်တဲ့ လုပ်ဆောင်ချက်တစ်တော့ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ဒေါ်လာပေါင်း ၁၅ ထရီလျံခန့် တန်ဖိုးရှိတဲ့ အမေရိကန် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပိတ်ဆို့အရေးယူမှုတွေနှင့် အခြားသော စီမံကိန်းတွေမှတဆင့် ကာကွယ်ရေးဈေးကွက်အတွင်း ရုရှားနိုင်ငံ ဝင်ရောက်လာခြင်းမှကာကွယ်ဖို့ ဝါရှင်တန်အစိုးရရဲ့ကြိုးပမ်းချက်တွေဟာ အထောက်အကူပြုဟန်မရှိပါဘူး။

ကွဲပြားခြားနားမှု တတိယပိုင်းကတော့ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပဋိပက္ခ ကာကွယ်ရေးနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေးတို့အပေါ် အသေးစိတ် ယန္တယားအဖွဲ့နှင့်ပတ်သက်ပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအစိုးရဟာ အင်ဒို-ပစိဖိတ်ဒေသရဲ့ သဘောတရားပိုင်းကို လက်ခံထားပြီး ဒါကို မဟာဗျူဟာတစ်ရပ်အဖြစ် ရှုမြင်ထားခြင်းမရှိပါဘူး။ အိန္ဒိယနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသပိုင်း လွတ်လပ်ပွင့်လင်းပြီး ပြည့်ဝစုံလင်မှုရှိရေး အတွေးအခေါ်ကို ထောက်ခံလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ အာရှ-အာဖရိကဒေသ ဖွံ့ဖြိုးရေး စင်္ကြံလမ်းမဆိုင်ရာ သဘောထားနှင့်အတူ ပိုမိုနေသားကျလျှက်ရှိပြီး ဒီကိစ္စလက်တွေ့ဖြစ်လာဖို့အတွက် ဂျပန်နိုင်ငံနှင့်အတူ ဆောင်ရွက်လုပ်ကိုင်လျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ တားဆီးပိတ်ပင်ထားတဲ့ စစ်အေးတိုက်ပွဲဗျူဟာ အမွေဆက်တစ်ခုနှင့်တူမယ့် ယန္တယားစနစ်မျိုးကို နှစ်သက်မှုမရှိလှပါဘူး။

တောင်တရုတ်ပင်လယ်ဒေသအတွင်းနှင့် တရုတ်-အိန္ဒိယ နယ်စပ်ဒေသတွေရဲ့ အချို့သော နယ်ပယ်ဒေသတွေမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးအခြေအနေ လှုပ်ရှားမှုတွေနှင့် OBOR ခေါ် စင်္ကြံတစ်ခု လမ်းတစ်ခု စီမံကိန်း အကောင်အထည်ဖော်ဆောင်ရာမှာ စီးပွားရေးရာ ခေါင်းပုံဖြတ်မှု လုပ်ဆောင်ချက်တွေရှိနေပြီး အိန္ဒိယနိုင်ငံဟာ Trump အုပ်ချုပ်ရေးအဖွဲ့က နားချနေခဲ့ကာ ယခု လက်တွေ့ကျင့်သုံးနေတဲ့ ထိပ်တိုက်တွေ့ဆုံရေး လုပ်ဆောင်ချက်တစ်ရပ်ကို အခွင့်အလမ်းပေး လုပ်ဆောင်မှာမဟုတ်ပါဘူး။

၂ ဦးစီ တွေ့ဆုံဆွေးနွေးပွဲဟာ သူနိုင်ကိုယ်နိုင် ပူးပေါင်းလုပ်ဆောင်မှုတစ်ရပ်အတွက် ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီ ၂ နိုင်ငံတို့အကြား အဆိုပါ သံသရတွေ ရှင်းလင်းရေး၊ နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကြရာမှာ ဧကန်မုချ အကူအညီပေးနိုင်မှာပဲဖြစ်ပါတယ် စသဖြင့် ဆောင်းပါးရှင် Prof. Chintamani Mahapatra ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။