တရားသူကြီး Ranjan Gogoi သည် အိန္ဒိယနိုင်ငံ၏ လာမည့်တရားသူကြီးချုပ် ဖြစ်လာရန်ရှိသည်။

တရားသူကြီး Ranjan Gogoi သည် အိန္ဒိယနိုင်ငံ၏ လာမည့်တရားသူကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။ ကြာသပတေးနေ့၌ ဥပဒေရေးရာ ဝန်ကြီးဌာနသည် တရားသူကြီး Gogoi ကို ရွေးချယ်ခန့်အပ်ကြောင်း အသိပေးကြေညာခဲ့သည်။ ၎င်းသည် လာမည့်လ ၂ ရက်နေ့တွင် အနားယူတော့မည်ဖြစ်သော တရားသူကြီးချုပ် Dipak Misra ကို ဆက်ခံသွားမည်ဖြစ်သည်။ တရားသူကြီး Gogoi သည် တရားသူကြီးချုပ် Misra ပြီးလျှင် နိုင်ငံတော်တရားရုံးချုပ်၏ ဝါအရင့်ဆုံး တရားသူကြီးဖြစ်သည်။ ၎င်းသည် အောက်တိုဘာလ ၃ ရက်နေ့တွင် တာဝန်ယူ ထမ်းဆောင်သွားမည်ဖြစ်ပြီး ၁၃ လနီးပါး သက်တမ်းကာလရှိသွားမည်ဖြစ်သည်။ တရားသူကြီး Gogoi သည် ၁၉၇၈ ခုနှစ်တွင် တရားရေးဌာနသို့ ဝင်ရောက်ခဲ့ပြီး အဓိကအားဖြင့် Gauhati တရားရုံးကြီးတွင် ဆောင်ရွက်လုပ်ကိုင်နေခဲ့သည်။ ၎င်းကို ၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် Gauhati တရားရုံးကြီး၏ အမြဲတမ်း တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် ၎င်းကို Punjab နှင့် Haryana ပြည်နယ် တရားရုံးကြီးသို့ တာဝန်ပြောင်းပေးခဲ့ပြီး ယင်းဒေသတွင် တရားသူကြီးချုပ်အဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် Gogoi ကို နိုင်ငံတော်တရားရုံးချုပ်၏ တရားသူကြီးအဖြစ် ရာထူးတိုးပေးခဲ့ကြောင်း။