ပါကစ္စတန်နိုင်ငံ အာဏာပိုင်များသည် ၎င်းတို့၏ ရေပိုင်နက်အတွင်း တရားမဝင် သားငါးဖမ်းဆီးရှာဖွေမှုအတွက် အိန္ဒိယတံငါသည် ၁၈ ဦးတို့ကို ဖမ်းဆီးလိုက်သည်။

ပါကစ္စတန်နိုင်ငံအာဏာပိုင်းများသည် ၎င်းတို့ပိုင်နယ်နိမိတ်အတွင်း တရားမဝင် ငါးဖမ်းခဲ့သည့် အိန္ဒိယနိုင်ငံသား တံငါသည် ၁၈ ဦးကို ၎င်းတို့၏ ငါးဖမ်းလှေနှစ်စီးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ Karachi မြို့မှ တရားဝင်ပြောဆိုချက်အရ အိန္ဒိယတံငါသည်များအား ပါကစ္စတန်ပင်လယ်ပြင် လုံခြုံရေး အေဂျင်စီ (PMSA) မှ လွန်ခဲ့သော အင်္ဂါနေ့ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့အားစစ်ဆေးရန် ရာဇဝတ်မှုဆိုင်ရာတရားသူကြီးရှေ့သို့ ဆိပ်ကမ်းရဲတပ်ဖွဲ့မှ ယနေ့ လာရောက်အပ်နှံမည်ဖြစ်သည်။ ၎င်းတို့သည် Karachi မြို့ရှိ အကျဉ်းထောင်ထဲတွင် ပြစ်ဒဏ်ချမှတ်မှုရက်များမပြီးဆုံးသေးခြင်းနှင့် ပါကစ္စတန်အစိုးရ၏ သက်ညှာသောလွတ်ငြိမ်းချမ်းသာခွင့်မရရှိသေးသည့် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည့် ရာပေါင်းများစွာသော အိန္ဒိယနိုင်ငံသား တံငါသည်များနှင့်အတူ ထိန်းသိမ်းခံရမည်ဖြစ်သည်။