အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင် မီးရထားလမ်းနှင့် လျှပ်စစ်ဓာတ်အား လွှဲပြောင်းပေးရေး စီမံကိန်းများကို ပေးအပ်လိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The Statesman သတင်းစာမှ အထူးသတင်းထောက် ဆောင်းပါးရှင် Dipankar Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင် မီးရထားလမ်းနှင့် လျှပ်စစ်ဓာတ်အား လွှဲပြောင်းပေးရေး စီမံကိန်းများကို ပေးအပ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အရေးပါတဲ့ တိုးတက်မှုတစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် Mr. Narendra Modi နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် မစ္စစ် Sheikh Hasina တို့ဟာ အနောက်ဘင်္ဂလားပြည်နယ် ဝန်ကြီးချုပ် မစ္စစ် Mamata Banerjee နှင့် Tripura ပြည်နယ်ဝန်ကြီးချုပ် Mr. Biplab Kumar Deb တို့နှင့်အတူ ဖွံ့ဖြိုးရေးစီမံကိန်း ၃ ခုတို့ကို ပူးတွဲဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းတွေမှာဆိုရင် အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ၅၀၀ မီဂါဝပ် ဖြည့်ဆည်းပံ့ပိုးရေး၊ Akhaura မြို့နှင့် Agartala မြို့တို့အကြား မီးရထားလမ်းဖောက်လုပ်ရေးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မီးရထားဌာနရဲ့ Kulaura မြို့နှင့် Shahbazpur မြို့တို့အကြား ရထားလမ်း ပြန်လည်ထူထောင်ရေးတို့ဖြစ်ကြသည့် မီးရထားလမ်း စီမံကိန်း ၂ ခု ပါဝင်ကြပြီး ဒီစီမံကိန်း ၂ ခုစလုံးတို့ဟာ တောင်အာရှဒေသရဲ့ အိမ်နီးချင်း ၂ နိုင်ငံတို့အကြား မီးရထားလမ်း ဆက်သွယ်မှု၊ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး နောက်ထပ် တိုးတက်ကောင်းမွန်စေဖို့ ရည်စူးထားတာဖြစ်ပါတယ်။

အရေးပါတဲ့ စီမံကိန်း ၃ ခုတို့ကို ဗီဒီယို ညီလာခံမှတဆင့် ဖွင့်လှစ်ပေးလိုက်ခြင်းဟာ နယူးဒေလီနှင့် ဒါကာ အစိုးရတို့အကြား နွေးထွေးပျူငှာတဲ့ ဆက်ဆံရေးတွေ ထပ်မံတောင့်တင်းခိုက်မာစေလိုက်တာကို အမှတ်အသားပြုလျှက်ရှိပါတယ်။ ဖွင့်ပွဲအခမ်းအနားအပြီး မကြာခင်မှာ “လူနေမှုဘဝပုံစံ တောက်ပစေပြီး လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးချဲ့ကာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရင်းနှီးမှု တိုးတက်စေတယ်” လို့ ဝန်ကြီးချုပ် Mr. Modi က ဖော်ပြခဲ့ပါတယ်။ ဒါဟာ အဆိုပါစီမံကိန်း ၃ ခုတို့ရဲ့ အရေးပါမှုကို ထင်ဟပ်စေလိုက်တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တည်ရှိဆဲ Bheramara နှင့် အိန္ဒိယနိုင်ငံရှိ Bheramara လျှပ်စစ်ဓာတ်အား လွှဲပြောင်းမှုလိုင်းကြောင်းမှတဆင့် နောက်ထပ် လျှပ်စစ်ဓာတ်အား ၅၀၀ မီဂါဝပ် ပံ့ပိုးသွားဖို့ အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်ဟာ ဖွင့်ပွဲအခမ်းအနားသို့ မိန့်ခွန်းပြောကြားစဉ်အတွင်း အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်က ဇောင်းပေးဖော်ပြခဲ့တဲ့ ၂၀၂၁ ခုနှစ်အရောက်မှာ အလယ်အလတ်တန်းစား ဝင်ငွေရှိတဲ့နိုင်ငံ ၁ နိုင်ငံနှင့် ၂၀၄၁ ခုနှစ်အရောက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံ ၁ နိုင်ငံဖြစ်လာဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လမ်းခရီးတလျှောက် မိတ်ဆွေနိုင်ငံ ၁ နိုင်ငံဖြစ်သွားဖို့ နိုင်ငံရဲ့ စိတ်ဆန္ဒကို ပေါ်လွင်စေလျှက်ရှိပါတယ်။

Mr. Modi ဟာ လာမယ့် ဆယ်စုနှစ် ၂ ခုအတွင်း အလယ်အလတ်တန်းစား ဝင်ငွေရှိတဲ့နိုင်ငံကနေ ဖွံ့ဖြိုးပြီးနိုင်ငံ ၁ နိုင်ငံအဖြစ် အသွင်းပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးချုပ် မစ္စစ် Hasina ရဲ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်တွေကို အသိအမှတ်ပြုဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မစ္စစ် Sushma Swaraj နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ဟာလည်း ဒေလီနှင့် ဒါကာမြို့တို့မှ အသီးသီးသော ဗီဒီယို ညီလာခံတွေကို တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Kulaura နှင့် Shahbazpur မြို့ မီးရထားလမ်းကို အိန္ဒိယ တိုက်ခွဲဒေသမကွဲမီ ယခင်ကာလက တည်ရှိခဲ့တဲ့ နှစ်နိုင်ငံတို့က ပြန်လည်ထားရှိသွားမှာဖြစ်ပါတယ်။ ပြန်လည်ထားရှိပြီးတဲ့အချိန်ရောက်တဲ့အခါ ဒီရထားလမ်းဟာ တောင်အာရှဒေသကို အရှေ့တောင်အာရှဒေသ နိုင်ငံများနှင့် ဆက်သွယ်ဖို့ အာရှဒေသ ကူးသန်းသွားလာရေး မီးရထားလမ်း စီမံကိန်းရဲ့ အရေးပါတဲ့ တစ်စိတ်တစ်ဒေသအဖြစ် ပေါ်ပေါက်စေမှာဖြစ်ပါတယ်။

၁၅.၅ ကီလိုမီတာရှည်လျားတဲ့ Akhaura နှင့် Agartala မီးရထားလမ်းဟာ ကမ္ဘာ့အသုံးအများဆုံး ဆိပ်ကမ်းတွေလို့သမုတ်ထားကြတဲ့ စစ်တကောင်း ဆိပ်ကမ်းကတဆင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ကုန်သွယ်ရေးတိုးတက်စေဖို့ အထောက်အကူပြုသွားမှာဖြစ်ပါတယ်။ ဒီမီးရထားလမ်းစီမံကိန်းကို ၂၀၁၀ ခုနှစ်အတွင်း မစ္စစ် Sheikh Hasina ရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း ရှင်းလင်းအတည်ပြုခဲ့တာဖြစ်ပြီး ဒီလမ်းဟာ ကာလကတ္တားမြို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Akhaura မြို့မှတဆင့် ရောက်ရှိမှာဖြစ်တာကြောင့် Tripura၊ အာသံနှင့် အနောက်ဘင်္ဂလားပြည်နယ်တို့အကြား ခရီးအကွာအဝေးနှင့် ခရီးသွားချိန်ကို သိသိသာသာ လျော့ပါးစေမှာဖြစ်ပါတယ်။ အရာအားလုံး စီမံထားတဲ့အတိုင်း လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒီစီမံကိန်းဟာ အချိန် ၂ နှစ်အတွင်းမှာ လုပ်ငန်းလည်ပတ်လာနိုင်ဖွယ်ရှိပါတယ်။

ဝန်ကြီးချုပ် Mr. Modi ဟာ “အိမ်နီးချင်းနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအနေနှင့် သဘောတူစာချုပ်တွေနှင့် စည်းနှောင်ထားခြင်းမရှိဘဲ အိမ်နီးချင်းတွေ၊ မကြာခဏ အပြန်အလှန် ခရီးသွားလာမှုတွေလို ချစ်ကြည်ရင်းနှီးမှု ထားရှိသွားရမယ်” လို့ဖော်ပြခဲ့ပြီး အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးရာ ဆက်ဆံရေးတွေကို ယှဉ်ပြိုင်မှုပုံစံတစ်ခုအဖြစ် ပြသထားရှိဖို့ တောင်းဆိုခဲ့ပါတယ် စသဖြင့် ဆောင်းပါးရှင် Dipankar Chakraborty ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။