ဥရောပ သမဂ္ဂ ပါလီမန်လွှတ်တော်သည် ဟန်ဂေရီနိုင်ငံကို ဒီမိုကရေစီ စံနှုန်းများချိုးဖောက်မှုအတွက် ပြစ်ဒဏ်ပေးရန် မဲပေးလိုက်သည်။

ဥရောပ သမဂ္ဂမှ ဥပဒေပြုအမတ်များသည် ဒီမိုကရေစီ စည်းမျဉ်းများချိုးဖောက်ကျူးလွန်မှုအတွက် ဟန်ဂေရီနိုင်ငံကို ပြစ်ဒဏ်ပေးအရေးယူရန် ဆောင်ရွက်ချက်အား ထောက်ခံကြရာတွင် အပြတ်အသတ် ထောက်ခံမဲ ပေးလိုက်သည်။ ဥရောပ ပါလီမန်လွှတ်တော် အဖွဲ့ဝင်အရေအတွက်၏ သုံးပုံ-နှစ်ပုံကျော်တို့သည် အီးယူ ဥရောပ သမဂ္ဂအုပ်ချုပ်မှုအောက်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ယခုကဲ့သို့ ဆန့်ကျင်မဲပေးမှု ပထမဆုံးအကြိမ်အဖြစ် သဘောထားကောက်ယူရေး တင်ပြချက်ကို ထောက်ခံခဲ့ကြသည်။ ပြင်သစ်နိုင်ငံ၊ Strasbourg မြို့ရှိ ပါလီမန်လွှတ်တော်အတွင်း ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် မဲခွဲဆုံးဖြတ်မှုသည် အီးယူ ဥရောပ သမဂ္ဂဆိုင်ရာ ဟန်ဂေရီနိုင်ငံ၏ မဲပေးပိုင်ခွင့်များကို ရုပ်သိမ်းခွင့်ပြုနိုင်မည်ဖြစ်သည်။ ကော်မရှင်အဖွဲ့သည် ဥရောပ ပါလီမန်လွှတ်တော်အတွင်း သမဂ္ဂ၏ နှစ်ပတ်လည် အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ တိုက်ခိုက်မှုအားလုံးတို့ကို ခုခံသွားမည်ဖြစ်ကြောင်း အီးယူ ဥရောပ သမဂ္ဂ ကော်မရှင်အဖွဲ့ဥက္ကဌ Mr. Jean-Claude Juncker က မဲခွဲဆုံးဖြတ်မှုမပြုမီ ဖော်ပြခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အာဏာရရှိခဲ့သည့်အချိန်မှစ၍ ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ် Mr. Viktor Orban သည် ဥရောပဒေသအတွင်းရောက်ရှိလာသည့် ခိုလှုံခွင့်တောင်းခံသူများကိုလက်ခံရန် ငြင်းဆိုနေခဲ့သည့်အပြင် တရားရုံးများ၊ သတင်းမီဒီယာများနှင့် အစိုးမဟုတ်သည့် အဖွဲ့အစည်းများကို ဖိအားပေးနေခဲ့သည်။ ဥရောပ သမဂ္ဂသည် မကြာခဏအားဖြင့် ကန့်ကွက်ဖော်ပြနေခဲ့သော်လည်း Mr. Orban ၏ တန်ခိုးအာဏာ ကြီးထွားလာနေမှုအဖြစ် ဝေဖန်သုံးသပ်သူများဖော်ပြနေကြသည်ကိုရပ်တန့်ရန် များစွာ ချို့ယွင်းနေခဲ့ကြောင်း။