Jammu နှင့် Kashmir ပြည်နယ်ဒေသတွင် သီးခြားစစ်ဆင်ရေးနှစ်ခုတို့အတွင်း အကြမ်းဖက်သမား ၈ ဦးတို့ သေဆုံးခဲ့ကြသည်။

Jammu & Kashmir ပြည်နယ် Kupwara ၊ Baramulla နှင့် Jammu တို့တွင် ယမန်နေ့က သီးခြား စစ်ဆင်ရေးများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမား ၈ ဦးသေဆုံးခဲ့သည်။ Kupwara ခရိုင် အရှေ့ပိုင်းရှိ ထိန်းချုပ်ရေးမျဉ်းကြောင်း (LoC) မှ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရန်ကြိုးစားသည့် အကြမ်းဖက်သမားများကို အိန္ဒိယစစ်တပ်ဖွဲ့မှတားဆီးနှိမ်နှင်းခဲ့ရာ ပစ်ခတ်မှုတွင် အမည်မသိ အကြမ်းဖက်သမား ၃ ဦး သေဆုံးခဲ့သည်။ လက်နက်ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား သုံးဦး၏ ရုပ်အလောင်းများသည် ထိန်းချုပ်ရေးမျဉ်ကြောင်းအနီးတွင်ရှိနေပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှု တားဆီးနှိပ်နှင်းသည့် စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေကြောင်း စစ်တပ်၏ သတင်းရင်းမြစ်များအရ သိရရှိရသည်။ ယမန်နေ့အစောပိုင်းတွင် Baramulla ခရိုင်းအတွင်းရှိ Checkipora Sheikhpora Sopore ဒေသအတွင်း စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ ပါကစ္စတန်နိုင်ငံသား Jaish e Muhammad အဖွဲ့ဝင် အကြမ်းဖက်သမားနှစ်ဦးသေဆုံးခဲ့သည်။ သေးဆုံးသွားသည့် အကြမ်းဖက်သမားနှစ်ဦးထဲမှ တစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်လေးဦး သေးဆုံးစေခဲ့သော Sopore IED ဗုံးခွဲတိုက်ခိုက်မှုကို နောက်ကွယ်မှ ကြိုးကိုင်စီမံခဲ့သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။ Jammu နှင့် Kashmir ရဲတပ်ဖွဲ့သည် Ganderbal ခရိုင်တွင် အကြမ်းဖက်သမား နှစ်ဦးကို လက်ရဖမ်းဆီးရမိခဲ့ပြီး၊ Jammu ဒေသ Jhajjar Kotli နယ်မြေအတွင်း စစ်ဆင်ရေးတွင် JeM အကြမ်းဖက်သမားသုံးဦးသေးဆုံးခဲ့ကြောင်း ယခုသတင်းကို ရဲချုပ် Dilbagh Singh မှ AIR သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။