ကာကွယ်ရေးဝန်ကြီး Ms Nirmala Sitharaman သည် သုံးရက်ကြာ ပြင်သစ်နိုင်ငံသို့ ခရီးစဉ်ကို စတင်လိုက်သည်။

ကာကွယ်ရေးဝန်ကြီး Ms Nirmala Sitharaman သည် ပြင်သစ်နိုင်ငံသို့ သုံးရက်ကြာ အလည်ပါတ်ခရီးစဉ်ဖြင့် ပဲရစ်မြို့သို့ ထွက်ခွာသွားသည်။ တရားဝင်အသိုင်းအဝိုင်းများက Ms Sitharaman သည် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Ms Florence Parly နှင့် နှစ်နိုင်ငံအကြား နည်းဗျူဟာကျ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေးအတွက် နည်းလမ်းများနှင့် နှစ်နိုင်ငံတို့အတွက် အကျိုးဖြစ်ထွန်းစေနိုင်သော အဓိကဒေသပိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတို့ကို ဆွေးနွေးလိမ့်မည်ဟု ဖေါ်ပြကြသည်။ အဆိုပါဆွေးနွေးပွဲများတွင် ခေါင်းဆောင်နှစ်ဦးတို့သည် နှစ်နိုင်ငံတို့က စစ်ဖက်ဆိုင်ရာ စင်္ကြန်များနှင့် လက်နက်ကိရိယာများ ပူးတွဲထုတ်လုပ်ရေးကို ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။ လွန်ခဲ့သော March လအတွင်းက ပြင်သစ်သမ္မတ Mr Emmanuel Macron သည် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပါတ်ခဲ့ပြီး၊ ဤခရီးစဉ်အတွင်း နှစ်နိုင်ငံတို့သည် နည်းဗျူဟာကျ ဆက်ဆံရေးများ တိုးချဲ့ရန်နှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တုန့်ပြန်ရေး၌ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် ဆုံးဖြတ်ခဲ့ကြသည်။ နှစ်ဖက်စလုံးတို့သည် တဦးတယောက်၏ စစ်ဖက်ဆိုင်ရာ အခွင့်အလမ်းများ အထူးသဖြင့် စစ်သင်္ဘောများအတွက် ရေတပ်အခြေစိုက်စခန်းများ ဖွင့်လှစ်ဖို့ရာ ခွင့်ပြုသည့် သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း။