ဆိုင်ကလုန်းမုန်တိုင်း Titli သည် ယနေ့နံနက် Odisha ပြည်နယ်၊ Gopalpur မြို့အနီး မြေပြိုကျမှုများ ဖြစ်ပေါ်စေခဲ့သည်။

ယနေ့နံနက် ဆိုင်ကလုန်းမုန်တိုင်း Titli သည် Odisha ပြည်နယ် Gopalpur မြို့အနီး မြေပြိုကျမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဆိုင်ကလုန်းမုန်တိုင်းပြင်းထန်းလာသည်နှင့်အမျှ Odisha ပြည်နယ် အစိတ်အပိုင်းများစွာတို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပေါ်လျှက်ရှိသည်။ Gopalpur အရပ်ဒေသအတွင်း သစ်ပင်နှင့် လျှပ်စစ်ဓါတ်တိုင်များစွာတို့ ပြိုကျခဲ့ပြီး၊ ဥစ္စာပစ္စည်းများစွာ ဆုံးရှုံးစေခဲ့သည်။ သို့ရာတွင် ယခုအချိန်အထိ လူ့အသက်ဆုံးရှုံးမှုသတင်းများ မရောက်ရှိလာသေးပေ။ Bhubaneswar မြို့ မိုးလေဝသဌာနက ယင်းဆိုင်ကလုန်းမုန်တိုင်းသည် Odisha ကမ်းခြေအရပ်ဒေသတခုလုံးပေါ် ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်ဟု ဖေါ်ပြသည်။ ပြည်သူပေါင်း (၃) သိန်းခန့်တို့ကို မြေနိမ့်အရပ်ဒေသမှ ဆိုင်ကလုန်းမုန်တိုင်းအဖြာဖြာ ကာကွယ်ရေးစခမ်းများသို့ ပြောင်းရွှေ့နေရာချထားပြီးဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ် Mr Naveen Patnaik သည် အထူးသက်သာချောင်ချိမှု ကမ်းလှမ်းရေး မဟာမင်းကြီး ထိန်းချုပ်ရေးရုံးခန်းသို့ သွားရောက်ကြည့်ရှု့ခဲ့ပြီး၊ အသက်ဆုံးရှုံးမှု လုံးဝမရှိစေရေးအတွက် နည်းလမ်းအားလုံး အသုံးပြုကြပါရန် ညွှန်ကြားခဲ့သည်။ ဤအတောအတွင်း နိုင်ငံတော် ရုတ်တရက်ဘေးအန္တရာယ်တုံ့ပြန်ကာကွယ်ရေးတပ်ဖွဲ့ NDRF သည် ၎င်း၏အသင်း (၁၄) သင်းကို Odisha ပြည်နယ်၌ တာဝန်ချထားပြီး၊ Andhra Pradesh ပြည်နယ်၌ အသင်း(၄)သင်းနှင့် အနောက်ဘင်္ဂလားပြည်နယ်၌ အသင်း (၃) သင်းတို့ကို လိုအပ်သောကယ် ဆယ်ရေးပစ္စည်းကိရိယာများနှင့်အတူ တာဝန်ချထားကြောင်း။