ဘင်္ဂလားဒေ့ရှ်နိုင်ငံတရားရုံးသည် လူပေါင်း (၁၉) ဦးတို့ကို နိုင်ငံရေး လူထုစည်းဝေးပွဲတခုအား တိုက်ခိုက်ခဲ့မှုအတွက် သေဒါဏ်ချမှတ်လိုက်ကြောင်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရားရုံးတခုသည် လွန်ခဲ့သော ၂၀၀၄ ခုနှစ် မြို့တော် Dhaka ၌ နိုင်ငံရေးလူထုစည်းဝေးပွဲတခုကို ကြောက်မက်ဖွယ်ရာ လက်ပစ်ဗုံးနှင့် တိုက်ခိုက်မှုတွင် ပါဝင်ပါတ်သက်ခဲ့ကြသည့်အတွက် သေဒါဏ်ချမှတ်လိုက်သည်။ ယင်းပြစ်မှုကျူးလွန်သူများတွင် ဝန်ကြီးဟောင်းတဦးနှင့် လက်ထောက်ဝန်ကြီးတဦးတို့ပါဝင်ကြသည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ထိုအချိန်က အာဏာရဖြစ်ခဲ့သော Bangladesh Nationalist Party မှ ဖြစ်ကြသည်။ အဆိုပါ Awami League ပါတီ၏ လူထုစည်းဝေးပွဲကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုသည် လူပေါင်း (၂၄) ဦးတို့၏အသက်ကို ခြွေယူသွားခဲ့သည်။ လွန်ခဲ့သော ၂၀၀၄ ခုနှစ် ဩဂုတ်လ (၂၁) ရက်နေ့တွင် Sheikh Hasina က ထောင်ပေါင်းများစွာသော လူထုရှေ့ မိန့်ခွန်းပြောဆိုပြီးစီးရန် အချိန်အနည်းငယ်အချိန်တွင် လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း။