အိန္ဒိယနိုင်ငံက စွမ်းအင်သစ်လှိုင်းများကို ဦးဆောင်နေခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယနိုင်ငံက စွမ်းအင်သစ်လှိုင်းများကို ဦးဆောင်နေခြင်း’ အကြောင်း သတင်းဆောင်းပါးအား ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံအသစ်နှင့် ပြန်လည်ဆန်းသစ်စေနိုင်သော စွမ်းအင်ဝန်ကြီးဌာနဟာ ပထမအကြိမ် နိုင်ငံတကာနေရောင်ခြည်စွမ်းရည်မဟာမိတ်အဖွဲ့၏ ပထမအကြိမ်ကို ကျင်းပခဲ့ပြီး၊ ဒုတိယအကြိမ်မြောက် အိန္ဒိယသမုဒ္ဒရာ ကမ်းနဘေး စက်ဝန်းတလျောက် တည်ရှိရာနိုင်ငံများအဖွဲ့ကြီး (IORA) ရဲ့ စွမ်းအင်ဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲနဲ့ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ရင်းနှီးမြှပ်နှံမှုနဲ့ တင်ပို့ရောင်းချမှု ဆွေးနွေးပွဲတွေကို လက်ခံကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားသုံးခုစလုံးတို့ကို ဝန်ကြီးချုပ် Mr Narendra Modi က ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင် အရှိန်မြှင့်တင်ရန်နဲ့ အိန္ဒိယ စွမ်းအင်တာဝန်ခံဌာနတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံမှု အသိုင်းအဝိုင်းတွေကို ဆက်နွယ်ပေးရေးဘဲ ဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် Global Re Invest India-ISA Partnership Renewable စွမ်းအင် ရင်းနှီးမြှပ်နှံသူတွေ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ တင်ပို့ရောင်းချရေးတို့ဟာ နိုင်ငံပေါင်း (၇၇) နိုင်ငံက ကိုယ်စားလှယ်ပေါင်း ၂၀,၀၀၀ ခန့်တို့ တက်ရောက်ခဲ့ကြပြီး၊ ဒီထဲမှာ (၄၀) ကျော်တို့ဟာ ဝန်ကြီးများအဆင့် ရှိခဲ့ကြပါတယ်။ အဲဒီညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်တွေ၊ နိုင်ငံပေါင်းစုံ ဖွံ့ဖြိုးရေးဘဏ်များရဲ့ ဥက္ကဌ၊ ကမ္ဘာလုံးဆိုင်ရာ ရံပုံငွေအဖွဲ့၊ နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီများနယ်ပယ်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြဒါကို တွေ့ရှိရပါတယ်။ Re-Invest 2018 ညီလာခံမှာ ဦးဆောင်တဲ့နိုင်ငံတွေဖြစ်ကြတဲ့ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စု၊ Australia ၊ ဗြိတိန်၊ Finland နဲ့ ဥရောပသမဂ္ဂတို့က (၉) နိုင်ငံ အပိုင်းတွေကို စီမံခဲ့ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ နေစွမ်းအင်ဓါတ်အားနယ်ပယ်မှာ နိုင်ငံတကာ နေစွမ်းအင်မဟာမိတ်များအဖွဲ့ (ISA) ကသော့ချက်ကျ ပါဝင်လုပ်ကိုင်မဲ့ အခန်းကဏ္ဍတွေကို မီးမောင်းထိုးပြသရာမှာ ဝန်ကြီးချုပ် Mr Modi က ‘ISA ဟာ ရာသီဥတုတရားမျှတမှုကို နားလည်သဘောပေါက်စေတဲ့ စင်္ကြန်တခုဖြစ်ပါတယ် ဒီအဖွဲ့အစည်းဟာ ကျွန်ုပ်တို့က အနာဂါတ်မျိုးဆက်အတွက် ပေးကမ်းတဲ့လက်ဆောင်တခုဖြစ်ပါတယ်။ အနာဂါတ်ကာလမှာ ဒီမဟာမိတ်အဖွဲ့ကြီးက လက်ရှိကာလမှာ OPEC အဖွဲ့ကြီးက ကမ္ဘာကြီးအတွက်ဖြစ်နေသလို ပေါ်ပေါက်လာမဲ့ဟန် ရှိနေပါတယ်’ လို့ ပြောကြားခဲ့ပါတယ်။ နေစွမ်းအင်ဟာ ယခုခေတ်ကာလမှာ ရေနံတွင်းတွေပါဝင်နေတဲ့ အခန်းကဏ္ဍမှ ပါဝင်လုပ်ကိုင်ကြမယ်ဖြစ်ပါတယ်။ ကုလသဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အဆိုပါညီလာခံကို တက်ရောက်ခြင်းက ကုလသမဂ္ဂမှာ ISA က သိမ်းပိုက်ထားတဲ့ အရေးပါမှုကို သက်သေထူလိုက်တာဘဲဖြစ်ပါတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်က ဆက်လက်ပြီး IORA နိုင်ငံတွေ ကြုံတွေ့ကြတဲ့ စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုတွေဟာ ထပ်တူထပ်မျှသာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းဘို့ရာ ကျွန်ုပ်တို့အနေနဲ့ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်အပေါ် အာရုံစိုက်ကြရလိမ့်မယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ လာမဲ့သက္ကရာဇ် ၂၀၃၀ ခုနှစ်အရောက်မှာ အိန္ဒိယနိုင်ငံဟာ ဓါတ်အား ၄၀% ကို မြေထွက်လောင်စာမဟုတ်တဲ့ အရင်းအမြစ်ကနေ ထုတ်လုပ်ဘို့ ပန်းတိုင်တခုသတ်မှတ်ထားပါတယ်။ လာမဲ့သက္ကရာဇ် ၂၀၂၂ ခုနှစ်မှာ ကျွန်ုပ်တို့ဟာ ရည်မှန်းချက်ဖြစ်တဲ့ 175 GW ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်ပမာဏကို အောင်မြင်စွာ ကျော်လွှာနိုင်မှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဖွင့်ပွဲအခမ်းအနားမှ သော့ချက်ကျ ကမ်းလှမ်းချက်တခုကတော့ ‘One World ၊ One Sun ၊ One Grid’ ဆိုဒါဘဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Guterres က ယခုအချိန်အခါမှာ ရာသီဥတုပြောင်းလဲမှုက တိုက်ရိုက်ထွက်ပေါ်လာနေတဲ့ စိန်ခေါ်မှုကြီးဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Mr Guterres က ကျွန်ုပ်တို့ဟာ ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ဆန်းသစ်စေနိုင်သောစွမ်းအင် တော်လှန်ရေးတခုကို မြင်တွေ့နေရပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဟာ ယခုတိုင် ပန်းတိုင်သို့ရောက်ရှိရေးအတွက် နိုင်ငံရေးခံယူချက်တွေနဲ့ အလှမ်းကွာဝေးနေဒါကြောင့် ပန်းတိုင်ရောက်ရှိရေးအတွက် ပိုမိုတဲ့ ရည်ရွယ်ချက်နဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်လိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။

အိန္ဒိယဗဟိုအစိုးရ ဓါတ်အားနဲ့ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်ဌာန (ဒု) ဝန်ကြီး Mr Raj Kumar Singh က ‘ကျွန်ုပ်တို့ရဲ့ဝန်ကြီးချုပ်ဟာ ကျွန်ုပ်တို့အတွက် ကမ္ဘာတခု၊ နေတလုံးနဲ့ ဓါတ်အားစက်ရုံတခုဆိုတဲ့ ကမ္ဘာကြီးရဲ့ စိန်ခေါ်မှုနောက်တခု ပေးကမ်းလိုက်ပါတယ်’ လို့ ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရှုမြင်ချက် ၂၀၂၂ ကို ဖြည့်ဆည်းဘို့ရာ တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း (၇၆) ဘီလီယံခန့် ရင်းနှီးမြှပ်နှံမှုတွေ လိုအပ်နေပြီး၊ အစိုးရဘဏ္ဍာငွေက လုံလောက်မယ်မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ကြီးချုပ်ရဲ့ အိမ်မက်ကို လက်တွေ့ဖြစ်စေဘို့ရာ၊ ပုဂ္ဂလိကပိုင် တည့်ဝင်ငွေတွေ လိုအပ်လိမ့်မယ်ဖြစ်ပါတယ်။

အစိမ်းရောင်လောင်စာတွေအတွက် ကြိုးပမ်းမှုတခုအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ ပြန်လည်ဆန်းသစ်စေနိုင်တဲ့ စွမ်းအင်နယ်ပယ်ဟာ လွန်ခဲ့တဲ့ ၂၀၁၅ မှ ၂၀၁၆ ခုနှစ်အထိ သုံးနှစ်မျှသော ကာလအတွင်းမှာ ၈၁% မျှ ကြီးထွားလာခဲ့ဒါကို နည်းလမ်းပြနေပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ သက္ကရာဇ် ၂၀၃၀ ခုနှစ်အရောက် မြေမှတူးဖေါ်ရရှိခြင်းမဟုတ်တဲ့ လောင်စာ ၄၀% ထုတ်လုပ်ရေးနဲ့ သက္ကရာဇ် ၂၀၂၂ ခုနှစ်ခန့်မှာ ပြန်လည်ဆန်းသစ်စေနိုင်တဲ့စွမ်းအင် 175 GW ထုတ်လုပ်ရေးပန်းတိုင်တို့ဟာ မျှော်မှန်းချက်ပြည့်ဝရုံသာမက အောင်မြင်မှုလည်း ရရှိနိုင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ပြန်လည်ဆန်းသစ်စေတဲ့စွမ်းအင်အတွက် ကြီးမားတဲ့ ဈေးကွက်တခုဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးမှ ကုမ္ပဏီတွေဟာ အိန္ဒိယနိုင်ငံကို လာရောက်ပြီး ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်နိုင်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Yogesh Sood ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။