အီတလီနိုင်ငံဝန်ကြီးချုပ်သည် လာမည့် အောက်တိုဘာလ (၃၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ အလည်အပါတ်ရောက်ရှိလာမည်ဖြစ်သည်။

အီတလီနိုင်ငံဝန်ကြီးချုပ် ပါမောက္ခ Giuseppe Conte သည် ယခုလ (၃၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပါတ်လိမ့်မည်ဖြစ်သည်။ Mr Conte နှင့်အတူ ၂၄ ကြိမ်မြောက် DST-CII အိန္ဒိယ-အီတလီ နည်းပညာရေးရာ ထိပ်သီးညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း လိုက်ပါလာလိမ့်မည်ဖြစ်သည်။ ဤခရီးစဉ်သည် ဝန်ကြီးသည် Mr Conte ၏ ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် အိန္ဒိယနိုင်ငံသို့ ပထမဦးဆုံးသော အလည်အပါတ်ခရီးစဉ်ဖြစ်ပေသည်။ ဤခရီးစဉ်ကာလ၌ အီတလီနိုင်ငံဝန်ကြီးချုပ်သည် ဝန်ကြီးချုပ် Mr Narendra Modi နှင့် လာမည့် (၃၀) ရက်နေ့တွင် နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေးပွဲများ ပြုလုပ်လိမ့်မည်ဖြစ်သည်။ ထို့နောက် ခေါင်းဆောင်နှစ်ဦးတို့သည် နည်းပညာရေးရာ ထိပ်သီးညီလာခံ၏ ထွက်ခွာမှုမပြုမှီ နှုတ်ဆက်မှုအပိုင်းသို့ တက်ရောက်အမှာစကားပြောကြားလိမ့်မည်ဖြစ်သည်။ အီတလီနိုင်ငံသည် ယခုနှစ် ထိပ်သီးညီလာခံ ဖက်စပ်လုပ်ကိုင်သော နိုင်ငံဖြစ်ပေသည်။ အဆိုပါညီလာခံ၏ ရည်ရွယ်ချက်မှာ နည်းပညာရေးရာ ကူးပြောင်းပေးရေး အခွင့်အလမ်းများ ပူးတွဲလုပ်ကိုင်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးရေးနှင့် အိန္ဒိယနှင့် အီတလီနိုင်ငံတို့မှ စက်မှုနှင့် သုတေသနဌာနများအကြား ဈေးကွက်ထဲ ဝင်ရောက်မှုကို လေ့လာရန်ဖြစ်ပေသည်။ ဤခရီးစဉ်သည် ကျင်းပလျှက်ရှိသော အီတလီနှင့် အိန္ဒိယနိုင်ငံတို့အကြား သံတမန်ရေးရာ ဆက်ဆံမှုများ တည်ဆောက်ခဲ့သည့် ၇၀ ကြိမ်မြောက် နှစ်ပါတ်လည်အထိမ်းအမှတ် အခမ်းအနား၏ တစိတ်တပိုင်းဖြစ်လိမ့်မည် ဖြစ်ကြောင်း။