Mrs. Sushma Swaraj သည် Tajikistan နိုင်ငံတွင် ကျင်းပရန်ရှိသော SCO ၏ CHG အစည်းအဝေးပွဲသို့ တက်ရောက်ရန်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီး Mrs. Sushma Swaraj သည် ယခုလ (၁၁) ရက်နှင့် (၁၂) ရက်နေ့များတွင် Tajikistan နိုင်ငံ Dushanbe မြို့၌ ကျင်းပလိမ့်မည်ဖြစ်သော (၁၇) ကြိမ်မြောက် အစိုးရခေါင်းဆောင်များကောင်စီ (CHG) သို့ တက်ရောက်လိမ့်မည်ဖြစ်သည်။ ဤအစည်းအဝေးပွဲသည် CHG ၏ အိန္ဒိယနိုင်ငံက လွန်ခဲ့သော ၂၀၁၇ ခုနှစ် ဇွန်လအတွင်း SCO ၏ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာပြီးနောက် (ဒုတိယ) အကြိမ် ကျင်းပသော အစည်းအဝေးပွဲဖြစ်သည်။ လွန်ခဲ့သောနှစ်က CHG အစည်းအဝေးပွဲကို Russia နိုင်ငံ Sochi မြို့၌ ကျင်းပခဲ့ပြီး၊ ဤအစည်းအဝေးပွဲသို့လည်း နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ခဲ့သည်။ အဆိုပါ SCO ၏ CHG အစည်းအဝေးပွဲသည် အိန္ဒိယနိုင်ငံအား SCO အဖွဲ့၏နိုင်ငံများနှင့် လေ့လာသူနိုင်ငံများဖြစ်ကြသည့် Afghanistan ၊ Belarus ၊ Iran နှင့် Mongolia တို့နှင့် ဆက်နွယ်စေသော Forum တခုဖြစ်သည်။ ခေါင်းဆောင်များသည် SCO ၏ ထပ်လောင်းဖွံ့ဖြိုးမှုအတွက် အလားအလာများကို ဆွေးနွေးကြပြီး၊ လက်ရှိနိုင်ငံတကာနှင့် ဒေသပိုင်းဆိုင်ရာ အရေးကိစ္စများနှင့်ပါတ်သက်၍ လေးနက်စွာအမြင်ချင်း ဖလှယ်ကြလိမ့်မည်ဖြစ်ကြောင်း။