ကုလသမဂ္ဂအဖွဲ့ကြီးသည် Diwali ပွဲတော်ကျင်းပရန် ဆီမီးခွက်ပုံတံဆိပ်ခေါင်းများ ထုတ်ဝေခဲ့သည်။

ကုလသမဂ္ဂအဖွဲ့ကြီး စာတိုက်စနစ်သည် Diwali ပွဲကျင်းပမှုအထိမ်းအမှတ်အဖြစ် Diyas ဆီမီးခွက်များပုံပါ တံဆိပ်ခေါင်းများ ထုတ်ဝေခဲ့သည်။ ယမန်နေ့က Tweet တခုတွင် ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Mr. Syed Akbaruddin သည် ဤသို့သောသဘောထားအတွက် ကုလသမဂ္ဂအဖွဲ့ကြီးအား ကျေးဇူးတင်ရှိခဲ့သည်။ တံဆိပ်ခေါင်းများကို ကုလသမဂ္ဂဌာနချုပ်စာတိုက်များနှင့် Online မှတဆင့် ဝယ်ယူနိုင်ကြကြောင်း။