ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များဖြစ်ကြသည့် အိန္ဒိယလူမျိုး-အမေရိကန်နိုင်ငံသား (၄) ဦးတို့သည် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ်များအဖြစ် ပြန်လည်ရွေးကောက်တင်မြောက်ခြင်းခံရကြောင်း။

ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ်များဖြစ်ကြသော အိန္ဒိယလူမျိုး-အမေရိကန်နိုင်ငံသား (၄) ဦးတို့သည် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်အမတ်များအဖြစ် ပြန်လည်ရွေးချယ်တင်မြောက်ခံရပြီး၊ လွန်ခဲ့သော အင်္ဂါနေ့က ကျင်းပခဲ့သည့်အလွန်အဆင့်အတန်း မြင့်မားသည့် အမေရိကန်ပြည်ထောင်စုနှစ်လည်ရွေးကောက်ပွဲများတွင် နိုင်ငံတဝှမ်း၌ အိန္ဒိယလူမျိုးနွယ်အများအပြားတို့ အနိုင်ရရှိခဲ့ကြသည်။ Illinois ခရိုင်၏ အတ္တမမြောက် ကွန်ဂရက်လွှတ်တော်ဒေသပိုင်း၌ Mr Raja Krishnamoorthi က ဒုတိယအကြိမ် ပြန်လည်အရွေးခံခဲ့ရသည်။ သုံးကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သည့် ဥပဒေပြုသမား Dr. Ami Bera သည် California ပြည်နယ် မဲဆန္ဒနယ်မြေမှ စတုတ္ထအကြိမ် ဆက်တိုက်အနိုင်ရရှိသော စံချိန်တခုတင်ခဲ့သည်။ ၎င်းသည် Republican ပါတီမှ Mr. Andrew Grant ကို မဲအရေအတွက် ၅% နှင့် ကပ်၍ အနိုင်ရရှိခဲ့သည်။ Silicon Valley တွင် အိန္ဒိယအမျိုးအနွယ် Ro Khanna သည် Republican ပါတီမှ Mr. Ron Cohen ကို ၄၄% မဲအရေအတွက်အသာဖြင့် အပြတ်အသတ် အနိုင်ယူခဲ့သည်။ တဦးတည်းသော အိန္ဒိယအမျိုးအနွယ် အမေရိကန်နိုင်ငံသူ ဥပဒေပြုသမား Ms Pramila Jayapal သည် GOP ပြိုင်ဘက် Mr. Craig Keller အား မဲအရေအတွက် ၆၆% ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း။