သီရိလင်္ကာနိုင်ငံတွင် ဝန်ကြီးသစ်သုံးဦး ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

ယမန်နေ့ညနေက သီရိလင်္ကာနိုင်ငံတွင် ဝန်ကြီးသစ်သုံးဦးတို့သည် အစိုးရသစ်၏ တည်တံ့မှုနှင့်ပါတ်သက်၍ မသေမချာမှုများ ပေါ်ပေါက်နေသည့်အကြား ကျမ်းသစ္စာကျန်ဆိုခဲ့ကြသည်။ သမ္မတ Mr. Maithripala Sirisena က ကျမ်းသစ္စာတိုင်တည်ပေးခဲ့သော ဝန်ကြီးသုံးဦးတို့တွင် ဝန်ကြီးချုပ်သစ်၏ ညီအကိုတော်စပ်သူနှင့် လွှတ်တော်ဥက္ကဌဟောင်း Mr. Chamal Rajapaksa လည်း ပါဝင်ပေသည်။ ဤအတောအတွင်း ပါလီမန်လွှတ်တော်ဥက္ကဌ Mr. Kuru Jayasuriya သည် လာမည့်ဗုဒ္ဓဟူးနေ့တွင် ပါလီမန်လွှတ်တော်အစည်းအဝေးများ စတင်သည့်အခါ တည်တံ့သော အစိုးရနှင့်ပါတ်သက်၍ အများစုတို့၏ ထင်မြင်ချက်အတွက် အခွင့်အရေးတခု ပေးဆောင်ရမည်ဟု ဖေါ်ပြခဲ့သည်။ ဝန်ကြီးချုပ် Mr Mahinda Rajapaksa ၏ အုပ်ချုပ်ရေးအောက် အစိုးရသစ်တွင် ပါတီငယ်များက ၎င်းတို့အားထောက်ခံရန် ငြင်းဆိုကြသောကြောင့် ထောက်ခံသော အမတ်ဦးရေလျော့နည်းလျှက်ရှိနေသည်ဟု သတင်းများရရှိသည်။ အစိုးရဝန်ကြီးတဦးသည် လာမည့် (၁၄) ရက်နေ့တွင်စတင်မည့် ပါလီမန်လွှတ်တော်၏ ပထမနေ့တွင် သမ္မတ၏မိန့်ခွန်းသာ ရှိမည်ဖြစ်ပြီး အမတ်ဦးရေ အများစုကို သက်သေထူရန်နေ့ရက်ကို သတ်မှတ်လိမ့်မည်ဟု ဖေါ်ပြခဲ့သည်။ ဤအချက်သည် လွှတ်တော်ဥက္ကဌ၏ ပထမနေ့၌ပင် အမတ်ဦးရေအများစုကို သက်သေထူမှုကို စမ်းသပ်ရန်လိုလားခြင်းနှင့် ဆန့်ကျင်လျှက်ရှိသည်။ ဤအတောအတွင်း အမေရိကန်ပြည်ထောင်စုသည် သမ္မတအား ပါလီမန်လွှတ်တော်ကို နိုင်ငံရေးအကြပ်အတည်းများ ဖြေရှင်းရန် ချက်ချင်းဆင့်ခေါ်ပါရန် တိုက်တွန်းခဲ့သည်။ အမေရိကန်အစိုးရက ထပ်မံကြန့်ကြာစေမှုသည် သီရိလင်္ကာနိုင်ငံအတွင်း မတင်မကျဖြစ်မှုများ စုပေါင်းလာစေမည်ဖြစ်ပြီး၊ နိုင်ငံတကာ၏ အစဉ်အလာကို မထီလေးစားပြုမှုသာဖြစ်လိမ့်မည်ဟု ဖေါ်ပြခဲ့ကြောင်း။