အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံအား အီရန်နိုင်ငံအတွင်း Chabahar ဆိပ်ကမ်း ဖွံ့ဖြိုးမှုအတွက် တချို့သော ပိတ်ဆို့မှုများမှ ကင်းလွှတ်ခွင့်ပေးလိုက်သည်။

အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယနိုင်ငံအား Afghanistan နိုင်ငံနှင့် ဆက်နွယ်သော မီးရထားလမ်းဆောက်လုပ်ရေးနှင့်အတူ အီရန်နိုင်ငံအတွင်း နည်းဗျူဟာကျတည်ရှိသော Chabahar ဆိပ်ကမ်းဖွံ့ဖြိုးမှုအတွက် တချို့သော ဒါဏ်ခတ်ပိတ်ဆို့မှုများမှ ကင်းလွှတ်ခွင့်ပေးလိုက်သည်။ ဆုံးဖြတ်ချက်အား စစ်ဆေးဒါဏ်ခံရသော Afghan နိုင်ငံအတွင်း နည်းဗျူဟာအရ အလွန်အရေးပါသော Oman နိုင်ငံ၏ ပင်လယ်ကွေ့အပေါ် ဆိပ်ကမ်းဖွံ့ဖြိုးရေး၌ အိန္ဒိယနိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို Washington အစိုးရက အသိအမှတ်ပြုခြင်းအဖြစ် ရှု့မြင်ကြသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးက Washington မြို့တွင် PTI သတင်းဌာနနှင့် တွေ့ဆုံပြောကြားစဉ် အလေးအနက်တွေးတောစဉ်းစားပြီးနောက် နိုင်ငံခြားရေးဝန်ကြီး Mr Mike Pompeo သည် တချို့သောဒါဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းကို ကင်းလွှတ်စေခဲ့သည်ဟု ဖေါ်ပြခဲ့သည်။ သို့ရာတွင် နိုင်ငံခြားရေးဝန်ကြီး Mr Mike Pompeo သည် အိန္ဒိယနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၈) နိုင်ငံတို့ကို ၎င်းတို့က ပါရှန်ပင်လယ်ကွေ့နိုင်ငံမှ ရေနံဝယ်ယူမှု ထင်ရှားစွာ လျော့ချမှုကို ပြသခဲ့ကြသောကြောင့် ယာယီအားဖြင့် အီရန်နိုင်ငံမှ ရေနံဝယ်ယူရန် ခွင့်ပြုခြင်းဖြစ်သည်ဟု ဖေါ်ပြခဲ့ကြောင်း။