‘အိန္ဒိယနဲ့ တောင်ကိုးရီးယားနိုင်ငံတို့က ယဉ်ကျေးဖွယ်ရာသော အဖြစ်အနေဆက်နွယ်မှုများ ခိုင်မာတောင့်တင်းစေခြင်း’

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အရှေ့နှင့် အရှေ့တောင်အာရှအရပ်ဒေသများအပေါ် နည်းဗျူဟာကျ ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ ‘အိန္ဒိယနဲ့ တောင်ကိုးရီးယားနိုင်ငံတို့က ယဉ်ကျေးဖွယ်ရာသော အဖြစ်အနေဆက်နွယ်မှုများ ခိုင်မာတောင့်တင်းစေခြင်း’ အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

တောင်ကိုးရီးယားနိုင်ငံသမ္မတကတော် Mrs Kim Jung-sook ဟာ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ဖိတ်ခေါ်မှုကြောင့် အိန္ဒိယနိုင်ငံကို လာရောက်လည်ပါတ်ခဲ့ပါတယ်။ အိန္ဒိယနဲ့ တောက်ကိုးရီးယားနိုင်ငံတို့ရဲ့ သမိုးဝင်ဖြစ်ပြီး၊ ယဉ်ကျေးသိမ့်မွေ့ဖွယ်သော အဖြစ်အနေနဲ့ ယဉ်ကျေးမှုရေးရာ ဆက်နွယ်မှုတို့ကို ကျင်းပလျှက် Mrs Kim Jung-sook ဟာ ‘Deepotsav’ မီးထွန်းပွဲတော်နဲ့ အထူးစံချိန်တင်လောက်တဲ့ Suriratna ခေါ်Heo Hwang-ok အထိမ်းမှတ်ပွဲတော်တခုကို Uttar Pradesh ပြည်နယ် Ayodhya မြို့မှာ ကြည့်ရှုခံစားခဲ့ပါတယ်။ CE 48 နှစ်မှာ Ayodhya မြို့ရဲ့ Suriratna မင်းသမီးဟာ ကိုးရီးယားဘုရင် Kim-Suro နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။ တောင်ကိုးရီးယားနိုင်ငံသမ္မတကတော်ဟာ ဝန်ကြီးချုပ် Mr Modi နဲ့ နိုင်ငံခြားရေးဝန်ကြီး Mrs Swaraj တို့နဲ့ တခါပြန်စံပြီး၊ သမိုင်းဝင်ကာ ယဉ်ကျေးမှုအမွေအနှစ်နဲပ ပြည်သူတို့အချင်းချင်းတို့အား အပြန်အလှန်နှစ်ဦးနှစ်ဖက် နားလည်သဘောပေါက်မှုတို့ကို အားပေးပြီး အပြန်အလှန်ဆက်နွယ်မှုတွေ တည်ဆောက်ရေးဆိုင်ရာတို့ကို ရည်မှန်းကြိုးပမ်းခဲ့ကြပါတယ်။ အိန္ဒိယနဲ့ တောင်ကိုးရီးယားနိုင်ငံတို့အကြား ယဉ်ကျေးဖွယ်သော အဖြစ်အနေ၊ သမိုးဝင်ရေးရာနှင့် ကိုးကွယ်ရေးဘာသာဆက်နွယ်မှုတွေဟာ အထူးနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ နောက်ထပ်ဖြည့်စွက်ဖေါ်ပြရမယ်ဆိုရင်၊ စစ်တပ်မတော်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး K.S.Thimayya က Neutral Nations Repatriation Commission ရဲ့ ဥက္ကဌဖြစ်ခဲ့ပြီး ခေတ္တစစ်ရပ်ဆဲရေး သဘောတူညီချက်အရ ပြုလုပ်ခဲ့ကာ၊ စစ်ပွဲအပြီးမှာ လူမှုရေးရာ ပြဿနာတွေကို ထိန်းချုပ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတခုမှ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

ယခုခေတ်ကာလမှာ တောင်ကိုးရီးယားနိုင်ငံရဲ့ တောင်ပိုင်းဆိုင်ရာ ပေါ်လစီသစ်နဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးပြုဆောင်ရွက်ရေးပေါ်လစီတွေကို တကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစိတန်ဘိုး ဝေငှထားမှု၊ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးနဲ့ တရားဥပဒေစည်းမျဉ်းတွေအပေါ် အခြေခံထားဒါဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇူလိုင်လစောစောပိုင်းမှာ တောင်ကိုးရီးယားနိုင်ငံသမ္မတ Mr Moon Jae-in က အိန္ဒိယနိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ လာရောက်ခဲ့ပြီး၊ နှစ်နိုင်ငံစလုံးတို့ဟာ ပြည်သူတို့အတွက်၊ ကြွယ်ယချမ်းသာမှုအတွက်နဲ့ ငြိမ်းချမ်းရေးအတွက် အနာဂါတ်မှာ အကျိုးပြုစေမဲ့ ဖက်စပ်လုပ်ကိုင်မှု ပျိုးထောင်ဘို့အတွက် ဆော်ဩခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းထားတဲ့ ကြီးထွားမှု စွမ်းရည်နဲ့ ကျွမ်းကျင်ပြီးလုပ်သားထုနဲပ တောင်ကိုးရီးယားနိုင်ငံရဲ့ နည်းပညာရေးရာ တတ်ကျွမ်းမှု၊ ကုန်ထုတ်ုလပ်ရေး အရည်အသွေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ နားလည်မှုတို့အကြား စီးပွားရေးဆိုင်ရာ ချီးကျူးဂုဏ်ပြုမှုတွေနဲ့ အခွင့်အလမ်းတွေဟာ နှစ်နိုင်ငံစလုံးတို့ကို အပြန်အလှန်စီးပွားရေးကြီးထွားမှု လုံခြံရေးရည်မှန်းချက်နဲ့ ဖက်စပ်လုပ်ကိုင်ဘို့ ဖန်တီးခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးတို့ဟာ ဒေသပိုင်းဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုတွေဖြစ်ကြတဲ့ အကြမ်းဖက်ဝါဒအပါအဝင် အကြမ်းဖက်တဲ့ အစွန်းရောက်ဝါဒနဲ့ အရင်းအမြစ်မှ ပြောင်းလဲရေးစသည်တို့မှာလည်း ဖက်စပ်လုပ်ကိုင်ပြီး၊ လူအများသေကြေပျက်စီးနိုင်တဲ့ လက်နက်တွေ မပြန့်ပွားရေးနဲ့ ဖြန့်ဖြူးရေးစံနစ်၊ ယုတ်စွအဆုံး အကြမ်းဖက်သမားတွေနဲ့ ပြည်မဲ့ကြေးစားအကြမ်းဖက်လှုပ်ရှားမှုတွေနဲ့ပါတ်သက်ပြီး ပူးတွဲကာကွယ်စောင့်ရှောက်လျှက်ရှိနေကြပါတယ်။ အိန္ဒိယနိုင်ငံဟာ သမ္မတ Mr. Moon Jae-in ဦးဆောင်တဲ့ အနုမြူလုံးဝ ကင်းစင်တဲ့ငြိမ်းချမ်းရေးနဲ့ ကိုးရီးယားကျွန်းဆွယ်မှာ ပြန်လည်ပေါင်းစည်းမှုရှိလာရေးသို့ ဦးတည်တဲ့ အပြုသဘောဆောင် ဖွံ့ဖြိုးမှုတွေအတွက် တည်မြဲတဲ့ ထောက်ခံသူနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကိုးရီးယားကျွမ်းဆွယ်မှာ ဒေသပိုင်းဆိုင်ရာ အေးချမ်းမှုနဲ့ တည်တံ့မှုကို နည်းဗျူဟာကျ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ သံတမန်ရေးရာ နည်းလမ်းအရ ဆောက်တည်ရေးအတွက် ထောက်ပံ့မှုကို ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။

ဝန်ကြီးချုပ် Mr Modi အား အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ‘Modinomics’ ကို အရှိန်ရလာအောင် ကြိုးပမ်းမှုနဲ့ ကြွယ်ဝသူတွေနဲ့ ဆင်းရဲ့သူတွေအကြား စီးပွားရေးကွာဟမှုတွေ ကျဉ်းမြောင်းသွားအောင် ကျိုးပမ်းလုပ်ကိုင်မှုတို့အတွက် Seoul ငြိမ်းချမ်းရေးဆုနဲ့ ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။ အိန္ဒိယ-တောင်ကိုးရီးယားဆက်ဆံမှုတွေဟာ ၁၉၇၃ ခုနှစ်က နှစ်နိုင်ငံအကြား အပြန်အလှန် ကောင်စစ်ဝန်အဆင့် ဆက်ဆံရေးကို သံအမတ်အဆင့်သို့ မြှင့်တင်ခဲ့တဲ့အချိန်ကစပြီး၊ သိသာစွာ တိုးတက်လာခဲ့ပါတယ်။ အိန္ဒိယနဲ့ တောင်ကိုးရီးယားနိုင်ငံတွေရဲ့ အထူးနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုက အင်ဒို-ပစိဖိတ်ဒေသပိုင်း လုံခြုံရေးနဲ့ တည်တံ့ခိုင်မြဲရေးကို စီးပွားရေးဖက်စပ်လုပ်ကိုင်မှုနဲ့ ပိုမိုခိုင်မာတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမှတဆင့် အကျိုးဆောင်လျှက်ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။