Jammu နှင့် Kashmir ပြည်နယ် Srinagar မြို့တွင် ရာသီ၏ အအေးဆုံးညကို မှတ်တမ်းတင်ခဲ့ပြီး၊ အပူချိန်မှာ ရေခဲအမှတ်အောက် ကျဆင်းခဲ့သည်။

Jammu နှင့် Kashmir ပြည်နယ် Srinagar မြို့သည် ယမန်နေ့ညက ယခုနှစ်ရာသီ၏ အအေးဆုံးညကို တွေ့မြင်ခံစားခဲ့ပြီး၊ အပူချိန်သည် ပထမဦးဆုံးအချိန် ရေခဲအမှတ်အောက် ကျဆင်းခဲ့သည်။ အနည်းဆုံး အပူချိန်မှာ 2.2 Celsius ရှိခဲ့သည်။ မိုးလေဝသဌာနအရာရှိတဦးက Srinagar မြို့တွင် ယမန်နေ့ညက အပူချိန်သည် ယခုလရာသိ၏ သာမန်အပူချိန်အောက် ၅ ဒီဂရီ ခန့် ကျဆင်းသွားသည်ဟု ဖေါ်ပြခဲ့သည်။ Kashmir တောင်ကြားအရပ်ဒေသတလျောက်နှင့် Ladakh ဒေသပိုင်းတွင်လည်း အပူချိန်သည် ရေခဲအမှတ်အောက် မှတ်တမ်းတင်ခဲ့သည်။ Kargil မြို့သည် Jammu နှင့် Kashmir ဒေသပိုင်း၌ အအေးဆုံးအရပ်ဒေသဖြစ်ခဲ့ပြီး၊ အနည်းဆုံးအပူချိန်မမှာ သုည ဒီဂရီအောက် ၉.၀ ဒီဂရီ Celsius ရှိခဲ့သည်။ မိုးလေဝသဌာနသည် အထူးသဖြင့် ပြည်နယ်၏ ပိုမိုမြင့်မားသော အရပ်ဒေသများတွင် တခါတရံ မိုးရွာသွန်းမှုနှင့် ဆီးနှင်းများ ကျရောက်နိုင်သည်ဟု ဖေါ်ပြခဲ့ကြောင်း။