တူရကီနိုင်ငံသည် Khashoggi သတ်ဖြတ်မှုနှင့်ပါတ်သက်၍ Saudi အရာရှိနှစ်ဦးတို့ကို ဖမ်းဆီးရန် ဝါရမ်းအမိန့်ထုတ်ပြန်လိုက်သည်။

တူရကီနိုင်ငံတွင် သတင်းစာနယ်ဇင်သမား Jamal Khashoggi လူသတ်မှုနှင့်စပ်လျဉ်း၍ Saudi Arabia နိုင်ငံ လက်ထောက် ထောက်လှမ်းရေးဒုဥက္ကဌဟောင်းနှင့် အိမ်ရှေ့မင်းသား Mohammed bin Salman ၏ ကိုယ်ရံတော်ဟောင်းတို့ကို ဖမ်းဆီးရေးအတွက် လျှောက်လွှာတခုတင်သွင်းထားသည်။ Istanbul မြို့ ရှေ့နေများဥက္ကဌ၏ ရုံးသည် ပင်နယ်ရုံးတခုတွင် ဗိုလ်ချုပ်ကြီး Ahmed Asiri နှင့် Saud al-Qahtani တို့အား ဆန့်ကျင်၍ လျှော်လွှာတင်သွင်းခဲ့သည်။ ဒေသခံသတင်းမီဒီယာတို့သည် တရားဝင်ထုတ်ပြန်ချက်တခုတွင် Asiri နှင့် Qahtani တို့က Jamal Khashoggi သတ်ဖြတ်မှုကို ကြံစည်ခဲ့ကြသူများတွင် ပါဝင်သည့် ခိုင်မာသော သင်္ကာမကင်းဖြစ်ရမှုများရှိနေသည်ဟု ဖေါ်ပြကြသည်။ ရိုက်တာသတင်းအေဂျင်စီသည် တူရကီထိပ်တန်းရဲအရာရှိတဦးအား ကိုးကားလျှက် ယခုလှုပ်ရှားမှုက Saudi Arabia အာဏာပိုင်များသည် စွတ်စွဲခံနေရသည့် Saudi လူမျိုးနှစ်ဦးတို့အပေါ် တရားဝင်အရေးယူလိမ့်မည်မဟုတ်သည်ကို ဖေါ်ပြလျှက်ရှိသည်ဟု သတင်းပေးပို့ကြောင်း။