“ထိပ်တန်းအဆင့်၌ ရုရှား-အိန္ဒိယ-တရုတ် ပုံစံဟာ G-20 ညီလာခံမှာ အကျုံးဝင်လာခဲ့ခြင်း”

သောတရှင်များခင်ဗျား ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ရုရှားနိုင်ငံ အရေးကိစ္စများ နည်းဗျူဟာကျ ခွဲခြမ်းဆန်းစစ်သူ ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ထိပ်တန်းအဆင့်၌ ရုရှား-အိန္ဒိယ-တရုတ် ပုံစံဟာ G-20 ညီလာခံမှာ အကျုံးဝင်လာခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

နှစ်ပေါင်း (၁၂) နှစ်မျှ ကြာညောင်းပြီးတဲ့နောက် အိန္ဒိယ-ရုရှားနဲ့ တရုတ်နိုင်ငံ (RIC) ရဲ့ ခေါင်းဆောင်တွေဟာ Buenos Aires မြို့ G-20 ညီလာခံရဲ့ ကြားကာလမှာ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးပွဲဟာ ရုရှားနိုင်ငံသမ္မတ Mr Vladimir Putin ရဲ့ ရှေ့ဆောင်ကြိုးပမ်းမှုကြောင့် ပေါ်ပေါက်ခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi ၊ တရုတ်နိုင်ငံသမ္မတ Mr Xi Jinping နဲ့ ရုရှားနိုင်ငံသမ္မတ Mr Vladimir Putin တို့ဟာ မိမိတို့သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ နယ်ပယ်အဖြာဖြာတို့နဲ့ပါတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ ဒီအစည်းအဝေးပွဲကို အကောင်းဆုံးအစည်းအဝေးပွဲလို့ ခေါ်ခဲ့ပြီး၊ ဒီအစည်းအဝေးပွဲဟာ မိမိတို့သုံးနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကို ထပ်လောင်းခိုင်မြဲစေပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို တိုးမြှင့်စေလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Mr Modi က သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံတကာ Forum ကို အားဖြည့်တောင့်တင်းစေပြီး၊ မိမိတို့သုံးနိုင်ငံအကြား ပိုမိုကြီးမားတဲ့ အပြန်အလှန်ဆက်နွယ်မှုတွေ ပြုလုပ်ဘို့ အားပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း ဖေါ်ပြခဲ့ပါတယ်။ အဲဒီခေါင်းဆောင်တွေဟာ ကုလသဂ္ဂအဖွဲ့ကြီး ၊ WTO အပါအဝင် နိုင်ငံပေါင်းစုံပါဝင်တဲ့ အဖွဲ့အစည်းတွေကို ပြန်လည်ပြုပြင်ဖွဲ့ဏည်းဘို့ အရေးကြီးဒါကို သဘောတူခဲကြပြီး၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB လို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဌာနတခုတည်ဆောက်ဘို့လည်း သဘောတူခဲ့ကြပါတယ်။ နောက်ပြီး ခေါင်းဆောင်သုံးဦးတို့ဟာ အဆိုပါနိုင်ငံပေါင်းစုံပါဝင်တဲ့ ဌာနကြီးတွေဟာ ကမ္ဘာကြီးအတွက် အကျိုးစီးပွားဖြစ်ထွန်းစေခဲ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီခေါင်းဆောင်သုံးဦးတို့ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကုန်သွယ်ရေးစနစ်တခုရဲ့ အရေးပါပုံနဲ့ အကျိုးဖြစ်ထွန်းမှုတွေကို မှတ်ချက်ချ ဖေါ်ပြခဲ့ပြီး၊ ကမ္ဘာကြီးရဲ့ ကြီးထွားမှုနဲ့ ကြီးထွားချမ်းသာရေးတို့အတွက် ပွင့်လင်းတဲ့ကမ္ဘာ့စီးပွားရေးတခု လိုအပ်တယ်လို့ ယူဆကြပါတယ်။

ဒီ RIC ပုံစံဟာ နိုင်ငံခေါင်းဆောင်တွေ သို့မဟုတ် အစိုးရခေါင်းဆောင်တွေအကြား အကြောင်းကိစ္စအမျိုးမျိုးကြောင့် မလည်ပါတ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီသုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဘဲ တွေ့ဆုံဆွေးနွေးလေ့ရှိခဲ့ကြပါတယ်။ နောက်ဆုံးအကြိမ် အစည်းအဝေးပွဲကို ၂၀၁၈ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့ပါတယ်။

RIC အုပ်စုဟု အဖွဲ့ဝင်သုံးနိုင်ငံတို့အတွက် မရေမရာဖြစ်နေတဲ့ ကမ္ဘာ့စီးပွားရေးနဲ့ တကမ္ဘာလုံးအပေါ် လွမ်းမိုးစေရာမှာ အရေးပါတဲ့ ပုံစံတခုဖြစ်ပါတယ်။ အဆိုပါသုံးနိုင်ငံခေါင်းဆောင်တွေက RIC ပုံစံအတွင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အရေးပါပုံကို အသိအမှတ်ပြုကြပြီးနိုင်ငံပေါင်းစုံပါဝင်တဲ့ ထိပ်သီးညီလာခံတွေမှာ ယခုလို သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ဘို့ သဘောတူခဲ့ကြပါတယ်။ ခေါင်းဆောင်သုံးဦးတို့ဟာ စေ့စပ်ညှိနှိုင်းမှုတွေ တိုးမြှင့်ရေး၊ အပြန်အလှန်သဘောတူညီမှုတည်ဆောက်ရေး၊ သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး၊ ကမ္ဘာ့ငြိမ်းချမ်းရေး တည်တံ့ရေးနဲ့ ဖွံ့ဖြိုးရေးတို့အတွက် လက်တွဲလုပ်ကိုင်ကြဘို့ သဘောတူခဲ့ကြပါတယ်။

G-20 ညီလာခံကြီးအတွင်း RIC အုပ်စုအဖြစ် ပေါ်ထွက်လာခဲ့ဒါဟာ နိုင်ငံတခုတည်း စိုးမိုးရေးဝါဒ၊ ကုလသဂ္ဂက မထောက်ခံတဲ့ ဒါဏ်ခတ်ပိတ်ဆို့မှု၊ တိုက်ခိုက်ရေးအုပ်စုနဲ့ မိမိနိုင်ငံရဲ့ စီးပွားရေးကို ကာကွယ်စောင့်ရှောက်ရေးဝါဒတွေအား ဆန့်ကျင်တဲ့ အချက်ပြမှုတခုဘဲဖြစ်ပါတယ်။ ခေါင်းဆောင်သုံးဦးစလုံးတို့ဟာ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒ၊ နိုင်ငံတကာဥပဒေဌာနကြီးတွေနဲ့ စည်းမျဉ်းဥပဒေအခြေခံ အမိန့်အာဏာတွေအား ရိုသေလေးစားမှုကို ထောက်ခံကြပါတယ်။

G-20 ထိပ်သီးညီလာခံအတွင်း အိန္ဒိယနိုင်ငံက ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့လည်း ကမ္ဘာလုံးဆိုင်ရာ အဓိကအရေးကိစ္စိများစွာတို့နဲ့ နိုင်ငံပေါင်းစုံ အကျိုးစီးပွားတို့ကို သူတို့ရဲ့ ပထမဦးဆုံးသော သုံးပွင့်ဆိုင်တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ပါတယ်။ အဲဒီအစည်းအဝေးပွဲဟာ တရုတ်နိုင်ငံက နည်းဗျူဟာကျ အင်ဒို-ပစိဖိတ်ဒေသပိုင်းမှာ သူတို့ရဲ့ စွမ်းအားကို ထုတ်ဖေါ်ကျင့်ကြံနေတဲ့အချိန်မှာ အလွန်အရေးပါလှတယ်လို့ ယူဆကြပါတယ်။ အစည်းအဝေးပွဲမှာ အိန္ဒိယနိုင်ငံက မိမိရဲ့ ခိုင်မာတဲ့ ခံယူချက်ဖြစ်တဲ့ အင်ဒို-ပစိဖိတ်ဒေသကို ဝေမျှတဲ့စီးပွားရေးကြီးထွားမှု ဒေသပိုင်းအဖြစ် ဖန်တီးရေးကို အလေးအနက်ဖေါ်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ရှုမြင်ချက်တွေကို အလေးထားပြီး၊ အိန္ဒိယနိုင်ငံဟာ ဆက်လက်ပြီး၊ တာဝန်ခွဲဝေဆောင်ရွက်တဲ့ တန်ဘိုးအပေါ် လုပ်ကိုင်သွားမှာဖြစ်ပြီး၊ Japan ၊ America နဲ့ India နိုင်ငံတို့အတွက် အက္ခရာစုသစ် JAI ကို ပေးဆောင်ခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။

အလျင်အမြန်ပြောင်းလဲနေတဲ့ ပထဝီရေးရာ နိုင်ငံရေးနဲ့ ပထဝီရေးစီးပွားရေးမြေပုံအနေအထားမှာ အိန္ဒိယနိုင်ငံအတွက် အဓိကစွမ်းအားရှင် နိုင်ငံအားလုံးတို့နဲ့ ညီတူညီမျှဆက်ဆံရေးတွေကို အမြော်အမြင်ကြီးစွာနဲ့ ကျင့်သုံးရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။