ဘဏ္ဍာရေးဝန်ကြီး Mr Arun Jaitley သည် အိန္ဒိယနိုင်ငံကလာမည့် ဆယ်စုနှစ်ကာလတွင် ကြီးထွားမှုနှုန်းကို ၇% မှ ၈% အထိ ထိန်းသိမ်းထားမည့်ဟန်ရှိသည်ဟု ဖေါ်ပြခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး Mr Arun Jaitley သည် ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားလာနေသည့် စီးပွားရေးနိုင်ငံများတွင်ပါဝင်သည့်အလျောက် အိန္ဒိယနိုင်ငံသည် လာမည့် (၁၀) စုနှစ်များကာလအတွင်း ကြီးထွားမှုနှုန်းကို ၇% မှ ၈% အထိ ထိန်းသိမ်းထားရှိလိမ့်မည်ဟု ဖေါ်ပြခဲ့သည်။ ဤအကြောင်းကို Mr Jaitley သည် New York မြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံး၌ ကျင်းပခဲ့သော Conference on Insolvency and Bankruptcy Code ညီလာခံသို့ video conference နည်းစနစ်ဖြင့် အမှာစကားပြောကြားစဉ် ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ Insolvency and Bankruptcy Code (IBC) ခေါ် အကြွေးပြန်မဆပ်နိုင်မှုနှင့် ဘဏ်များ ဒေဝါလီခံရမှု ဆိုင်ရာ လုပ်ငန်းစဉ်မှတဆင့် Mr Jaitley သည် အိန္ဒိယနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုများကို မီးမောင်းထိုးပြသခဲ့ပြီး အိန္ဒိယစီးပွားရေး၏ အနာဂါတ်စွမ်းရည်များကိုလည်း ဖေါ်ပြခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးသည် IBC အရ ဖြေရှင်းချက်များအတွက် လျှောက်လွှာပေါင်း ၁၂၀၀ ခန့် ရရှိထားပြီးဖြစ်ကာ၊ အမှုပေါင်း ၁၀၀၀ ခန့် ကျန်ရှိနေသေးသည်ဟု ဖေါ်ပြခဲ့သည်။ Mr Jaitley သည် ယခုပြုပြင်ပြောင်းလဲမှုက အိန္ဒိယနိုင်ငံတွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလွန်ကြီးမားသော အခွင့်အရေးများ ပေးဆောင်လျှက်ရှိပြီး၊ ရင်းနှီးမြှပ်နှံသူ အမြောက်အများတို့သည် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ကြပြီး၊ လေလံစွဲမှု သို့မဟုတ် ထုန့်ပြန်လေလံစွဲမှုတို့အစား ရင်းနှီးမြှပ်နှံမှုအပေါ် ပို၍ စိတ်ဝင်စားမှုကို ပြသခဲ့ကြပြီးဖြစ်ကာ ၎င်းတို့ကိုယ်တိုင် ကုမ္ပဏီများ ဖွင့်လှစ်နိုင်ခွင့်များ ရရှိနိုင်ပေလိမ့်မည်ဟု ရှင်းလင်းဖေါ်ပြခဲ့ကြောင်း။