အိန္ဒိယနိုင်ငံသည် Perm နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောက်ခွန်ဆိုင်ရာ အရေးကိစ္စများတွင် အပြန်အလှန် အထောက်အကူပြုရေး သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့ကြသည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံသည် Peru နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အကောက်ခွန်အရေးကိစ္စများ၌ အပြန်အလှန်အထောက်အကူပြုရေးဆိုင်ရာ သဘောတူစာချုပ်တခု လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူစာချုပ်သည် နှစ်နိုင်ငံတို့၏ အကောက်ခွန်အရာရှိများအကြား သတင်းနှင့် ထောက်လှမ်းရေးကိစ္စများကို တရားဥပဒေရေးရာ ဘောင်တခုအတွင်း မျှဝေခွင့်ပေးလိမ့်မည်ဖြစ်သည်။ ဤသဘောတူစာချုပ်သည် အကောက်ခွန်တရားဥပဒေများကို မှန်ကန်သင့်လျော်စွာ အသုံးချရေး အကောက်ခွန်ဆိုင်ရာ ပြစ်မှုများတားဆီးရေးနှင့် စုံစမ်းစစ်ဆေးမှုများတွင်လည်း အထောက်အကူပြုလိမ့်မည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် သတင်းပြန်ကြားချက်တခု၌ နယူးဒေလီတွင် လက်မှတ်ရေးထိုးခဲ့သော အဆိုပါသဘောတူစာချုပ်က နှစ်ဖက်တို့အကြား ကုန်သွယ်ရေး အခွင့်အလမ်းများနှင့် မှာယူတင်သွင်းသော ပစ္စည်းများကို ထိရောက်စွာ စစ်ဆေးခွင့်ပြုရာ၌လည်း အထောက်အကူဖြစ်စေလိမ့်မည်ဟု ဖေါ်ပြခဲ့ကြောင်း။