အိန္ဒိယဗဟိုဘဏ္ဍတိုက်ကြီး RBI သည် သော့ချက်ကျ ပေါ်လစီအားလုံးတို့၏ နှုန်းများကို မပြောင်းလဲဘဲ ထားရှိလိုက်ကြောင်း။

အိန္ဒိယဗဟိုဘဏ်တိုက်ကြီး RBI သည် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ထုတ်ပြန်ကြေငြာခဲ့သော ပဥ္စမအကြိမ်မြောက် နှစ်လတကြိမ်ပေါ်လစီပြန်လည်သုံးသပ်မှုတွင် သော့ချက်ကျ ပေါ်လစီအားလုံးတို့၏ နှုန်းထားများကို မပြောင်းလဲဘဲ ဆက်လက်တည်ရှိစေလိုက်သည်။ The repo rate ခေါ်ဘဏ်မှချေးမငွေများအပေါ် အတိုးနှုန်းကို ၆.၅% အဖြစ် မပြောင်းလဲဘဲ ထားရှိပြီး၊ တခြားဘဏ်များမှ ဘဏ်တိုက်ကြီးသို့ ချေးမငွေအပေါ် Reverse Repo နှုန်းကို ၆.၂၅ အဖြစ် ဆက်လက်ထားရှိလိုက်သည်။ RBI အုပ်ချုပ်ရေးအရာရှိချုပ် Mr Urjit Patel ဦးဆောင်သော အဖွဲ့ဝင် (၆) ဦးပါ ငွေကြေးဆိုင်ရာ ပေါ်လစီကော်မတီသည် တညီတညွှတ်တည်းပေါ်လစီနှုန်းထားများကို ပကတိအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိရန် သဘောတူခဲ့ကြသည်။ လွန်ခဲ့သော အောက်တိုဘာလအတွင်း နောက်ဆုံးပေါ်လစီကြေငြာချက်တွင် ဗဟိုဘဏ်တိုက်ကြီးသည် ပေါ်လစီနှုန်းထားများကို မပြောင်းလဲဘဲ ထားရှိခဲ့သည်။ လာမည့်နှစ်တွင် သာမန်မုတ်သုန်ရာသီရှိမည်ကို ခန့်မှန်းလျှက် RBI သည် ဖေါင်းပွမှုမှာ ၃.၈% မှ ၄.၂% အထိ လာမည့်ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်၌ ရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြခဲ့သည်။ ကြီးထွားမှုနယ်ပယ်တွင် RBI သည် လက်ရှိဘဏ္ဍာရေးနှစ်အတွက် GDP ကြီးထွားမှုနှုန်းကို ၇.၄% ရည်မှန်းထားပြီး၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်၏ ပထမနှစ်ဝက်ပိုင်းတွင် ကြီးထွားမှုနှုန်း ၇.၅% ကို ခန့်မှန်းဖေါ်ပြထားကြောင်း။