VVIP ရဟတ်ယာဉ်အရှုပ်တော်ပုံကို ကြားနာစစ်ဆေးလျှက်ရှိသော Delhi တရားရုံးတခုသည် Christian Michel အား ၅ ရက်ကြာ CBI ၏ ထိန်းသိမ်းမှုအောက် ပို့ဆောင်လိုက်သည်။

လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က Delhi တရားရုံးတခုသည် တန်ဘိုးအားဖြင့် ရူပီးငွေ ကုဋေပေါင်း (၃၆၀၀) ရှိသော Agusta-Westland VVIP ရဟတ်ယာဉ်အရှုပ်တော်ပုံ အမှုနှင့်စပ်လျဉ်း၍ ကြားလူပွဲစား ဗြိတိသျှနိုင်ငံသား Christian Michel ကို CBI ထောင်တွင် (၅) ရက်ကြာ ထားရှိရန် အမိန့်ချမှတ်လိုက်သည်။ CBI အဖွဲ့သည် Michel ကို ၎င်းတို့၏ ထိန်းသိမ်းမှုအောက် (၁၄) ရက် ထားရှိရန် လိုလားခဲ့ပြီး၊ Michel အား သက်သေအထောက်အထားများနှင့် ရင်ဆိုင်ရန်နှင့် ဤကိစ္စ၌ ငွေကြေးဆိုင်ရာတို့ကို ဖေါ်ထုတ်လိုသည်ဟု ဖေါ်ပြခဲ့သည်။ သို့ရာတွင် Michel ၏ ရှေ့နေသည် တရားရုံးက ယင်းစွတ်စွဲခံနေရသူအား တရားစီရင်ရေးထောင်တို့ ပို့ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။ UAE နိုင်ငံမှ ပြည်နှင်တင်ပို့ပေးခဲ့သော Christian Michel အား လွန်ခဲ့သော အင်္ဂါနေ့က ဖမ်းဆီးခဲ့ပြီး၊ CBI အထူးတရားသူကြီး Arvind Kumar ရှေ့မှောက်တင်သွင်းခဲ့သည်။ Mr Michel ကိုယ်စားအာမခံနှင့် လွှတ်ပေးရေးအတွက် လျှောင်လွှာလည်း တင်သွင်းထားသည်။ အဆိုပါတရားရုံးသည် CBI အား Michel အပေါ် စွဲချက်တင်ထားမှုအပါအဝင် သက်ဆိုင်ရာ စာရွက်စာတမ်းအားလုံး တင်သွင်းရန် ညွှန်ကြားထားကြောင်း။