“တရုတ်နိုင်ငံရဲ့ ယျထဘူတမကျသော ဆန့်ကျင်ကန့်ကွက်မှုများ”  

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ JNU တက္ကသိုလ် အရှေ့အာရှ ဗဟိုဌာနဥက္ကဌ ဆောင်းပါးရှင် ပါမောက္ခ Srikanth Kondapalli ဝေဖန်ရေးသားပေးပို့ထားတဲ့ “တရုတ်နိုင်ငံရဲ့ ယျထဘူတမကျသော ဆန့်ကျင်ကန့်ကွက်မှုများ”  အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။

ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်းဘဲ တရုတ်နိုင်ငံဟာ Sela အရပ်ဒေသမှာ Tawang မြို့ကို ပြည်နယ်အတွင်း တခြားအရပ်ဒေသတွေနဲ့ ဆက်နွယ်ပေးမဲ့ လှိုင်ခေါင်းတခု ဆောက်လုပ်ရေးပရိုဂျက်တခုကို ဖွင့်လှစ်ပေးဖို့အတွက် အရှေ့မြောက်ပိုင်းပြည်နယ်သို့ ရောက်ရှိသွားတဲ့ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ခရီးစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က တုန့်ပြန်မှုဟာ အသစ်အဆန်းမဟုတ်ဘဲ သမရိုးကျပြုလုပ်နေတဲ့ လုပ်ငန်းစဉ်တခုအဖြစ် ယူဆနိုင်ပါတယ်။

အဲဒီဆန့်ကျင်ကန့်ကွက်မှုတွေရဲ့မှတ်ချက်ဟာ အသစ်အဆန်းမဟုတ်ဘဲ၊ Arunachal Pradesh ပြည်နယ်က လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကျော်က ပြည်နယ်အဆင့် ရရှိခဲ့တဲ့နောက်ပိုင်း နှစ်စဉ်နှစ်တိုင်းနီးပါး ယခုလို ပေါ်ပေါက်နေကျဘဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှာ Mr Modi ဟာ မီးရထားဘူတာရုံတခု ဖွင့်လှစ်ပေးဘို့နဲ့ ဓါတ်အားထုတ်လုပ်ရေးပရိုဂျက်တခုအတွက် အုတ်မြစ်ချဘို့ရာ Arunachal Pradesh ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံ (ဒု) နိုင်ငံခြားရေးဝန်ကြီးက အဲဒီခရီးစဉ်ကို ပြင်းထန်တဲ့မကျေမနပ်ဖြစ်မှုနဲ့ ခိုင်မာတဲ့ ဆန့်ကျင်မှုတွေ ဖေါ်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က အဲဒီအချိန်အခါမှာ အိန္ဒိယနိုင်ငံ သံအမတ်အား ဆင့်ခေါ်ပြီး ဆန့်ကျင်ကန့်ကွက်မှုကို ဖေါ်ပြခဲ့ပါတယ်။ တခါ ဘုန်းတော်ကြီးတဦးဖြစ်တဲ့ Dalai Lama ဟာ Arunachal Pradesh ပြည်နယ်ကို သွားရောက်လည်ပါတ်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း တရုတ်နိုင်ငံထံမှ ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အလားတူဘဲ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလက ဝန်ကြီးချုပ် Mr Modi ဟာ တခေါက်ပြန်ပြီး ဒီပြည်နယ်ကို သွားရောက်လည်ပါတ်ခဲ့တဲ့အခါ တရုတ်နိုင်ငံရဲ့ ကဲ့ရဲ့ရှုတ်ချမှုဒါဏ်ကို ခံလိုက်ရပါတယ်။ တခါ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mr Pranab Mukerjee ကလည်း ၂၀၀၈ ခုနှစ်မှာ အိန္ဒိယပါလီမန် လွှတ်တော်အမတ်တွေရဲ့ ကိုယ်စားလှယ်တဦးအနေနဲ့ Arunachal Pradesh မှာရှိတဲ့ Tawang မြို့ကို သွားရောက်ခဲ့ပြီး၊ ပြည်နယ်အတွင်း တောက်ပတဲ့ ဒီမိုကရေစီစံနစ် ပေါက်ဖွားလာစေကာ၊ ဒီပြည်နယ်မှ ရွေးချယ်ခံရတဲ့ ပါလီမန်လွှတ်တော်အမတ် (၂) ဦးတို့ဟာ အိန္ဒိယပါလီမန်လွှတ်တော်မှာ ကိုယ်စားပြု တက်ရောက်လျှက်ရှိကြတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာ Mr Mukherjee က “Arunachal Pradesh” ပြည်နယ်နဲ့ စေ့စပ်တည်ရှိမှုမှ ခွဲထွက်ခြင်းသို့မဟုတ် ဒီပြည်နယ်ရဲ့ တစိတ်တပိုင်းခွဲထွက်ရေးဆိုတဲ့ မေးခွန်းမျိုး ဘယ်သောအခါမျှ ပေါ်ထွက်လာလိမ့်မယ်မဟုတ်ဘူးလို့ ဖေါ်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံက ဒီခရီးစဉ်ကိုလည်း ဝမ်းနည်းဘွယ်အဖြစ် ဖေါ်ပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းမှာ အမေရိကန်ပြည်ထောင်စုသံအမတ် Mr Richard Varma ဟာ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကြောင့် သွားရောက်လည်ပါတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက McMahon မျဉ်းကြောင်းဟာ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြား နယ်စပ်မျဉ်းကြောင်းဖြစ်တယ်လို့ အတည်ပြုဖေါ်ပြခဲ့ပါတယ်။ ဒီအချိန်အခါမှာလည်း တရုတ်နိုင်ငံက လက်ခံဘို့ ခြင်းဆိုခဲ့ပါတယ်။ Beijing အစိုးရဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr Taro Aso ရဲ့ အိန္ဒိယဘက်ကို ထောက်ခံတဲ့ Arunachal Pradesh ပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ဆက်ဆံမှုတွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ Arunachal Pradesh ရဲ့ ပြည်နယ်နဲ့ ဆက်ဆံရေးမှာ ဘာတခုမျှ တတ်နိုင်လိမ့်မယ်မဟုတ်ဒါမို့၊ Arunachal Pradesh ပြည်နယ်မှ ခရီးသည်တို့ရဲ့ စိတ်ဓါတ်စွမ်းရည်ကို အနှောက်အယှက်ပေးဒါမျိုး ဖြစ်လာခဲ့ပါတယ်။ အဆိုပါပြည်နယ်မှ အရာရှိတွေအတွက် နဲနဲပိုမြှင့်တင်ခဲ့ပြီး၊ ပြည်ဝင်ခွင့် Visa ထုတ်ပေးရေးမှ စတင်ခဲ့ပါတယ်။ Arunachal Pradesh ပြည်နယ်ရဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဟာ တရုတ်နိုင်ငံသို့ သွားရောက်လည်ပါတ်ခြင်းမပြုနိုင်ဘဲ အစိုးရအုပ်ချုပ်ရေးအရာရှိများစွာတို့ကလည်း တရုတ်နိုင်ငံကို မသွားရောက်နိုင်ကြပါဘူး။ ဒါပေမဲ့ Arunachal Pradesh ပြည်နယ်မှ သာမန်ပြည်သူတို့အား သူတို့ရဲ့ နိုင်ငံကူးလက်မှတ်မှာ Stapled နဲ့ကပ်ထားတဲ့ Visa နဲ့ သွားရောက်လည်ပါတ်ဘို့ တရုတ်နိုင်ငံ စတင်လုပ်ကိုင်နေပြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလအတွင်းမှာ အိန္ဒိယနိုင်ငံဟာ အိန္ဒိယနိုင်ငံသားတွေကို ခရီးသွားလာမှုဆိုင်ရာ အကြံပေးချက်တခုအဖြစ် သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေမှာ Staple လုပ်ထားတဲ့ Visa နဲ့ အိန္ဒိယနိုင်ငံအပြင်ဘက်ကို ထွက်ခွာခွင့်မရှိဘူးလို့ သတိပေးလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ Staple လုပ်ထားတဲ့ Arunachal Pradesh ပြည်သူတို့အတွက် Visa ဟာ ပြဿနာမျိုးစုံပေါ်ပေါက်စေပြီး၊ စိတ်ဓါတ်ကျဆင်းစေခဲ့ပါတယ်။ သက္ကရာဇ် ၂၀၁၁ ခုနှစ်မှာ Karate အသင်းတသင်းကို Delhi လေဆိပ်မှာ တရုတ်နိုင်ငံသို့  Staple လုပ်ထားတဲ့ Visa နဲ့ သွားလာခြင်းကို ပိတ်ပင်ခံလိုက်ရပါတယ်။ အလားတူဘဲ ၂၀၁၂ ခုနှစ်မှာ အလေးမအသင်းတသင်းကိုလည်း တားမြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်ပွဲတွေမှာ မိမိရဲ့ပါတီအတွက် မဲဆွယ်ဘို့ရာ Mr Modi ဟာ Arunachal Pradesh ပြည်နယ် Passighat မြို့ကို သွားရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံရဲ့ တိုးချဲ့ရေးအကြံဥာဏ်ကို သွယ်ဝိုက်ပြီး ရှုတ်ချခဲ့ပါတယ်။ တခါ ရွေးကောက်ပွဲနိုင်ပြီး အာဏာရရှိလာတဲ့အခါ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံရဲ့ တရုတ်နိုင်ငံတခုပေါ်လစီအတွက် ခံယူချက်နဲ့ပါတ်သက်ပြီး၊ အပြန်အလှန်ဆက်ဆံမှုကို တောင်းဆိုခဲ့ပါတယ်။

New Delhi အစိုးရအတွက်ဆိုရရင် Mr Modi နဲ့ တရုတ်နိုင်ငံသမ္မတ Mr Xi Jinping တို့အကြား ၂၀၁၈ ခုနှစ်က Wuhan ထိပ်သီးညီလာခံမှာ Beijing အစိုးရက Arunachal Pradesh အရေးကိစ္စကို အကြောင်းမဲ့ထုတ်ဖေါ်ခဲ့တယ်လို့ ယူဆပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ကာကွယ်ဘို့ ကောင်းမွန်စွာလုပ်ကိုင်နေပါတယ်။ Aksai Chin အရပ်မှာ တရုတ်နိုင်ငံရဲ့စစ်တပ်တွေ စုရုံးလာနေခြင်းက နှစ်နိုင်ငံတို့အကြား တခြားအငြင်းအခုံဖြစ်စရာတခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံခေါင်းဆောင်ပိုင်းအနေနဲ့ သူတို့ရဲ့ ခံယူချက်ဖြစ်တဲ့ အိန္ဒိယ-တရုတ်နယ်စပ်မှာ ငြိမ်းချမ်းပြီး၊ တည်တံ့ငြိမ်ဝပ်မှုတခုဖန်တီးရေးကို လိုက်နာအကောင်အထည်ဖေါ်သင့်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ Srikanth Kondapalli ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။