နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ဥက္ကဌသည် Brexit စိန်ခေါ်မှုနှင့်ပါတ်သက်၍ ဗြိတိန်နိုင်ငံအား သတိပေးလိုက်သည်။

နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) ဥက္ကဌ Christine Lagarde သည် ဥရောပသမဂ္ဂ (EU) မှ ဗြိတိသျှတို့၏ နှုတ်ထွက်မှုမှာ နိုင်ငံ၏စီးပွားရေးအတွက် လက်ရှိအခြေအနေကဲ့သို့ ဘယ်သောအခါမျှ ကောင်းမွန်လိမ့်မည်မဟုတ်ဟု သတိပေးလိုက်သည်။ လွန်ခဲ့သောတနင်္ဂနွေနေ့က Dubai မြို့တွင် ကမ္ဘာ့အစိုးရ ထိပ်သီးညီလာခံ၌ တက်ရောက်အမှာစကားပြောကြားစဉ် Ms Lagarde သည် ဗြိတိန်နိုင်ငံအား EU မှ နှုတ်ထွက်ခြင်းအတွက် ရှုတ်ချခဲ့သည် ဗြိတိန်နိုင်ငံသည် လာမည့်မတ်လ (၂၉) ရက်နေ့မှစ၍ ဥရောပသမဂ္ဂ EU မှ နှုတ်ထွက်သွားလိမ့်မည်ဖြစ်သည်။ ဗြိတိန်နိုင်ငံစီးပွားရေးများသည် ဥရောပသမဂ္ဂနှင့် မဆက်ဆံရေး Brexit ကြောင့် အခွန်နှုန်းများ၊ အကောက်အခွန်နှင့် တခြားအဟန့်အတားများကြောင့် ဗြိတိန်နှင့် ဥရောပ ပင်မနိုင်ငံများအကြား စီးပွားရေးပြဿနာများ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျှက်ရှိကြကြောင်း။