Abu Dhabi မြို့၌ Hindi ဘာသာစကားကို တတိယမြောက်တရားဝင် တရားရုံးသုံးဘာသာစကားအဖြစ် ထည့်သွင်းလိုက်သည်။

Abu Dhabi အစိုးရသည် ဟင်ဒီဘာသာစကားအား Arabic နှင့် အင်္ဂလိပ်ဘာသာစကားများနှင့်အတူ တတိယမြောက် တရားဝင် တရားရုံးသုံးဘာသာစကားအဖြစ် ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။ Abu Dhabi တရားဥပဒေရေးရာဌာန (ADJD) သည် ၎င်းက နစ်နာမှုများ တောင်းဆိုရန် တရားရုံးများသို့ လျှောက်တင်သော လျှောက်လွှာပုံစံများတွင် ဟင်ဒီဘာသာစကား ထည့်သွင်းခြင်းဖြင့် အရေးယူဆောင်ရွက်မှု တိုးမြှင့်ရန် ပြုလုပ်လိုက်ကြောင်း ဖေါ်ပြသည်။ အနောက်အာရှဆိုင်ရာ AIR သတင်းထောက်သည် အာရပ်စော်ဘွားများနိုင်ငံ UAE ၌ အဝေးရောက် အိန္ဒိယအမျိုးအနွယ်ပေါင်း (၃.၃) သန်းခန့် နေထိုင်လျှက်ရှိကြသည်ဟု ခန့်မှန်းရပြီး၊ ၎င်းတို့တွင် အများစုတို့မှာ Blue Collared Workers ခေါ် ကာယလုပ်သားများဖြစ်ကြသည်ဟု သတင်းပေးပို့သည်။ ဤလှုပ်ရှားမှုသည် ဟင်ဒီစကားပြောကြသူတို့အား တရားဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များ၊ ၎င်းတို့၏ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို ဘာသာစကားအဟန့်အတားမရှိဘဲ နားလည်ကြလိမ့်မည်ဖြစ်သည်။ အဆိုပါလှုပ်ရှားမှုကို ကြိုဆိုလျှက် အိန္ဒိယသံအမတ် Mr Navdeep Suri သည် Tweet တခုတွင် ဤအချက်သည် Abu Dhabi အစိုးရ၏ အကောင်းဆုံးခြေလှမ်းတခုဖြစ်ပြီး၊ အိန္ဒိယကာယလုပ်သားများအတွက် တရားဥပဒေရေးရာကို နားလည်မှုအား အမှန်စင်စစ် တိုးတက်စေလိမ့်မည်ဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။ ၎င်းအပြင် သံအမတ်သည် ဤသို့သော်လှုပ်ရှားမှုက UAE နိုင်ငံ၏ သည်းခံရေးနှစ် အေဂျင်ဒါကို ကျယ်ပြန့်စေလိမ့်မည်ဟု ဖေါ်ပြခဲ့သည်။ အိန္ဒိယနှင့် UAE နိုင်ငံတို့၏ဆက်ဆံမှုများသည် လွန်ခဲ့သောနှစ်အနည်းငယ်ကစပြီး အထူးသဖြင့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ၏ အလည်အပါတ်ခရီးစဉ်များကြောင့် တိုးတက်မြှင့်မားလျှက်ရှိကြောင်း။