Chinook အကြီးစားကုန်တင်ရဟတ်ယာဉ် (၁၅) စင်းအနက် ပထမဦးဆုံးရဟတ်ယာဉ်သည် အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသည်။

အိန္ဒိယလေတပ်မတော်က မှာယူခဲ့သော Chinook အကြီးစားကုန်တင်ရဟတ်ယာဉ် (၁၅) စင်းအနက် ပထမဦးဆုံးရဟတ်ယာဉ်တစင်းသည် ယမန်နေ့က အိန္ဒိယနိုင်ငံသို့ ရောက်ရှိလာသည်။ အဆိုပါ CH-47F (1) ရဟတ်ယာဉ်ကို Gujarat ပြည်နယ် The Mundra လေဆိပ်၌လက်ခံခဲ့ကြပြီး၊ ၎င်း၏အခြေစိုက်စခန်းတည်ရှိသော Chandigarh မြို့သို့ ပို့ဆောင်လိမ့်မည်ဖြစ်သည်။ Chinook ရဟတ်ယာဉ်ကိုတည်ဆောက်သည့် Boeing ကုမ္ပဏီက အဆိုပါရဟတ်ယာဉ်ရောက်ရှိလာခြင်းသည် အိန္ဒိယလေတပ်မတော်၏ လေကြောင်းသယ်ယူရေးလုပ်ငန်းများကို ထူးကဲစွာ မြှင့်တင်ပေးလိမ့်မည်ဟု ကြေငြာခဲ့သည်။ ယင်း Chinook ရဟတ်ယာဉ်သည် ကုန်တန်ချိန်ပေါင်း (၁၀) တန်ကို သယ်ယူနိုင်ပြီး၊ သတ်မှတ်ထားသည့် အချိန်ထက်စောလျင်စွာ ပို့ဆောင်နိုင်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် လွန်ခဲ့သော ၂၀၁၅ ခုနှစ် စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုနှင့် ဒေါ်လာပေါင်း (၃) ဘီလီယံရှိ စာချုပ်တခုကို Chinook အကြီးစား ကုန်တင်ရဟတ်ယာဉ် (၁၅) စင်းနှင့် AH-64E Apache တိုက်ရဟတ်ယာဉ် (၂၂) စင်း ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ကြောင်း။