Jammu နှင့် Kashmir ပြည်နယ်၏ Kulgam ခရိုင်၌ ရင်ဆိုင်တိုက်ပွဲတခုတွင် အကြမ်းဖက်သမား (၅) ဦး သေဆုံးခဲ့ကြသည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က Jammu နှင့် Kashmir ပြည်နယ် Kashmir တောင်ပိုင်း Kulgam ခရိုင်အတွင်းရှိ Kellam Devsar အရပ်တွင်ဖြစ်ပွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲတခု၌ အကြမ်းဖက်သမား (၅) ဦး သေဆုံးခဲ့ကြသည်။ ယင်းအရပ်တွင် ပစ်ခတ်တိုက်ခိုက်မှုများသည် အကြမ်းဖက်သမားများရှိနေကြသည်ဟု တိကျသော သတင်းရရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့က ဝိုင်းရံပြီး၊ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရာ နံနက်အာရုံဦး၌ တိုက်ပွဲများပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ တပ်ဖွဲ့များက သင်္ကာမကင်းဖြစ်ရသော နေရာကို လုံးဝဝိုင်းရံထားပြီးသည်နှင့် ပုန်းခိုနေကြသော အကြမ်းဖက်သမားများက တပ်ဖွဲ့ဝင်များအပေါ် ဒလကြမ်းပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြကြောင်း။