မစ္စစ် Sushma Swaraj သည် ဘူလ်ဂေးရီးယား၊ မော်ရကိုနှင့် စပိန်နိုင်ငံတို့ကို ၄ ရက်ကြာခရီးစဉ်ဖြင့် ထွက်ခွာသွားသည်။

စနေနေ့မနက်ပိုင်း၌ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် Sushma Swaraj သည် ဘူလ်ဂေးရီးယား၊ မော်ရကိုနှင့် စပိန်နိုင်ငံတို့ကို ၄ ရက်ကြာခရီးစဉ်ဖြင့် ထွက်ခွာသွားခဲ့သည်။ မစ္စစ် Swaraj သည် ခရီးစဉ် ပထမဆုံးအဖြစ် ဘူလ်ဂေးရီးယားနိုင်ငံသို့ သွားရောက်ပြီး ၎င်းနိုင်ငံ၏ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ကို တွေ့ဆုံသွားမည်ဖြစ်သည်။ မော်ရကိုနိုင်ငံတွင်မူ နိုင်ငံခြားရေးဝန်ကြီးသည် ၎င်းနိုင်ငံ၏ အလားတူဝန်ကြီး Nasser Bourita နှင့်အတူ တုံ့လှယ် ဆွေးနွေးသွားမည်ဖြစ်သည်။ ၎င်းနိုင်ငံတွင် မော်ရကိုနိုင်ငံ၏ ပဥ္စမမြောက် ဘုရင်ကြီး Mohammed၊ အစိုးရအကြီးအကဲ Saad Dine El Otmani နှင့် လွှတ်တော်ဥက္ကဌ Habib El Malki တို့ကိုလည်း တွေ့ဆုံသွားမည်ဖြစ်သည်။ စပိန်နိုင်ငံတွင် မစ္စစ် Swaraj သည် နှစ်နိုင်ငံအရေး၊ ဒေသပိုင်းအရေးနှင့် ကမ္ဘာ့လုံးဆိုင်ရာ နှစ်ဦးနှစ်ဖက် အရေးကိစ္စများကိုဆွေးနွေးရန်အတွက် စပိန်နိုင်ငံခြားရေးဝန်ကြီး Josep Borrell Fontelles နှင့်အတူ အပြန်အလှန် ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း။