နယူးဒေလီနှင့် အစ္စလာမာဘတ်အစိုးရတို့သည် Kartapur စင်္ကြံလမ်းမ လည်ပတ်အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်သွားကြရန် သဘောတူညီလိုက်ကြသည်။

အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့သည် Kartapur စင်္ကြံလမ်းမ လည်ပတ်အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်သွားကြရန် သဘောတူညီလိုက်ကြသည်။ ဤလမ်းမသည် ပါကစ္စတန်နိုင်ငံ၊ Kartarpur ဒေသရှိ၊ Gurdwara Darbar Sahib အထွဋ်အမြတ်ဒေသသို့ အိန္ဒိယ ဘုရားဖူးများသွားရောက်နိုင်ရန် အထောက်အကူပြုသွားမည်ဖြစ်သည်။ ဤသဘောတူညီချက်ကို ကြာသပတေးနေ့၌ Punjab ပြည်နယ်၊ Attari မြို့တွင် နှစ်နိုင်ငံ ကိုယ်စားလှယ်တို့အကြားပြုလုပ်ခဲ့သည့် ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲအတွင်း ရရှိခဲ့ခြင်းဖြစ်သည်။ ၂ နိုင်ငံတို့သည် လာမည့်လ ၂ ရက်နေ့တွင် Wagah မြို့၌ နောက်ထပ်ဆွေးနွေးပွဲ ကျင်းပပြုလုပ်သွားကြရန် သဘောတူညီခဲ့ကြသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တစ်စောင်တွင် ဖော်ပြထားကြောင်း။