အကြမ်းဖက်မှု ကင်းစင်သည့်အခြေအနေတို့တွင် ပါကစ္စတန်နိုင်ငံနှင့်အတူ စေ့စပ်လုပ်ဆောင်ရန် အသင့်ရှိနေသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြလိုက်သည်။

အကြမ်းဖက်မှုနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ကို အတူတကွလုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံအား ပြန်လည်တဖန်ရှင်းလင်းစွာ သတိပေးပြောကြားလိုက်သည်။ အကြမ်းဖက်မှုကင်းစင်သောပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန်အတွက် New Delhi အစိုးရသည် Islamabad အစိုးရနှင့် စေ့စပ်လုပ်ဆောင်သွားရန် အဆင်သင့်ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Mrs Sushma Swaraj က ပြောကြားလိုက်ပြီး၊ Islamabad အစိုးရအနေဖြင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးကို တင်းကြပ်စွာလုပ်ဆောင်သင့်ပြီး၊ ထောက်ပံ့မှုပေးနေခြင်းတို့ကိုလည်း ရပ်ဆိုင်းသင့်ကြောင်း ပြောဆိုလိုက်သည်။ ပါကစ္စတန်နိုင်ငံ၏ဝန်ကြီးချုပ် Imran Khan အား တချို့က အမြော်အမြင်ရှိသော ခေါင်းဆောင်အဖြစ် ရှုမြင်နေပြီး၊ အကယ်၍ ၎င်းသည် အမှန်တကယ်ပင် သဘောထားကြီးသူဆိုပါက၊ Jaish-e-Mohammed အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Masood Azhar အား အိန္ဒိယနိုင်ငံသို့ လွှဲပြောင်းပေးသင့်ကြောင်း Mrs Swaraj က ပြောဆိုခဲ့သည်။