“နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF က အိန္ဒိယနိုင်ငံ၏စီးပွားရေး ကြီးထွားမှုဖြစ်စဉ်များကို ချီးကျူးလိုက်ခြင်း”

သောတရှင်များခင်ဗျား ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေး ခွဲခြမ်းစိတ်ဖြာလေ့လာသူ ဆောင်းပါးရှင် Satyajit Mohanti ဝေဖန်ရေးသားပေးပို့ထားတဲ့ “နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF က အိန္ဒိယနိုင်ငံ၏စီးပွားရေး ကြီးထွားမှုဖြစ်စဉ်များကို ချီးကျူးလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့ (၅) နှစ်မျှသောအချိန်ကာလမှာ ပျမ်းမျှစီးပွားရေးကြီးထွားလာမှုဟာ ၇% ထက် ကျော်လွန်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်က အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ် အလျင်အမြန်ဆုံး ကြီးထွားလာနေတဲ့ စီးပွားရေးနိုင်ငံတနိုင်ငံအဖြစ် ဖန်တီးလိုက်ပါတယ်။ ယခုလိုကြီးထွားမှုက နိုင်ငံပေါင်းများစွာတို့မှာ စီးပွားရေးနှေးကွေးလာပြီး၊ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်ကျိုးကာကွယ်စောင့်ရှောက်ရေးဝါဒနဲ့ Brexit နဲ့ပါတ်သက်ပြီး၊ မသေချာဖြစ်နေမှုတို့ဟာ ကျဆင်းမှုအန္တရာယ်အမျိုးမျိုးကို ဖန်တီးနေဒါကြောင့် ပိုမိုလက်ကိုင်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ပို့ဆောင်ထားပါတယ်။ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကြီး (IMF) ဟာ သူ့ရဲ့ နောက်ဆုံးပေါ် အစီရင်ခံချက်မှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ချီးကျူးထားပြီး၊ လာမဲ့ ၂၀၁၉-၂၀၂၀ ခုနှစ်ဆိုင်ရာ ဘဏ္ဍာရေးနှစ်မှာ ကြီးထွားမှုနှုန်း ၇.၃% ရှိလိမ့်မယ်လို့ ခန့်မှန်းဖေါ်ပြထားပါတယ်။ IMF ဟာ အခြေခံအားဖြင့် ယခုလို တိုးတက်ကြီးထွားမှုဟာ အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့နှစ်ပေါင်းအနည်းငယ်အတွင်း ကြီးထွားမှုနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း အနည်းငယ်အတွင်း အိန္ဒိယနိုင်ငံက ထူးကဲတဲ့ မွမ်းမံပြင်ဆင်မှုတို့ကို စေ့စပ်ရန် အလွန်အထောက်အကူဖြစ်စေခဲ့ပါတယ်။ ယခုလို ကြီးထွားမှုနှုန်းကို ရယူအောင်မြင်နေတုံး အိန္ဒိယနိုင်င့က ဖောင်းပွမှုဟာ ထိန်းချုပ်မှုအောက်ကျရောက်နေပြီး၊ စုစုပေါင်း ဘဏ္ဍာရေးကွာခြားမှုဟာ ဘတ်ငွေစာရင်းရှင်းတန်းမှာ အသင့်ပြင်ခဲ့သလို မပြုပြင်ခဲ့ဒါကို နားလည်သဘောပေါက်စေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ မြောက်များစွာသော အဓိကစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ဒါကို ကုန်သွယ်ရေးနဲ့ စီးပွားရေး အတတ်ပညာရှင်တွေက ပြည်တွင်းမှာရော ပြည်ပမှာပါ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ IMF ဟာ Goods & Services Tax (GST) ခေါ် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအခွန်ရဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးသက်ရောက်မှုတွေကို မှတ်ချက်ချ ဖေါ်ပြထားပါတယ်။ GST အခွန်ဟာ နိုင်ငံတခု၊ ဈေးကွက်တခုဆိုင်ရာ ဘဏ္ဍာရေးမူဝါဒ တွေအပေါ် အခြေခံထားဒါသာမဟုတ်ဘဲ ကြီးမားတဲ့ ဘယ်လိုဒီမိုကရေစီနိုင်ငံကမဆို ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုအုပ်ချုပ်ရေးဝါဒမှာ အကောင်းဆုံးစမ်းသပ်မှုတခုလည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အကြွေးပြန်မဆပ်နိုင်မှုနဲ့ ဘဏ်တွေဒေဝါလီခံရမှုဆိုင်ရာ ဥပဒေ (IBC) ကလည်း ၊ ကြေးမငွေတွေ ပြန်လည်ပေးဆပ်ဘို့နဲ့ စီးပွားရေးလုပ်ကိုင်မှုတွေကို သက်သာချောင်ချိစွာ လုပ်ကိုင်ရေးအတွက် ဖြေရှင်းချက်တခုကို တွေ့မြင်စေခဲ့ပါတယ်။

Single Window သွင်းကုန်အခွန်ချမှတ်ခွင့် ပြုရေးနဲ့ ဝယ်ယူရေးအတွက် ခွင့်ပြုချက်ရယူရာမှာ လွယ်ကူစေခြင်းတို့ဟာ ရောင်းဝယ်ဖေါက်ကားရေးပါတ်ဝန်းကျင်အနေအထားမှာ အခန်းကဏ္ဍပိုင်းဆိုင်ရာ ပြုပြင်ပြောင်းမဲမှုကို သက်သာချောမွတ်စေခဲ့ပါတယ်။ IMF ဟာ အိန္ဒိယနိုင်ငံရဲ့ Digital ပြုပြင်ပြောင်းလဲမှုကို မသာမာမှုနဲ့ လိမ်လည်မှုတွေအတွက် အခွင့်လမ်းနည်းပါးစေခြင်းအတွက် အသုံးပြုခြင်းကို ချီးကျူးခဲ့ပါတယ်။ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ကလည်း အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ပြန်လည်ပြုပြင်တည်ဆောက်မှုကို ချီးကျူးခဲ့ကြပါတယ်။ ကမ္ဘာ့ဘဏ်ကြီးရဲ့ Ease of doing Business လေ့လာမှတ်တမ်းမှာ အိန္ဒိယနိုင်ငံရဲ့အဆင့်အနေအထားကို ၂၀၁၆ ခုနှစ်မှာ အဆင့် (၇၇) မှာထားရှိလိုက်ပြီး စံချိန်တင်လောက်တဲ့ အဆင့်နေရာ (၅၃) နေရာ ခုန်လွှာနိုင်ခဲ့ခြင်းဟာ ဘက်စုံပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုတွေကြောင့်သာ အောင်မြင်ခဲ့ဒါဘဲဖြစ်ပါတယ်။

ကြီးထွားမှုလက္ခဏာတွေက အောင်ပွဲဆင်နွှဲဘို့ဖြစ်တာမှန်ပေမဲ့ IMF ဟာ အိန္ဒိယနိုင်ငံကို ကြီးထွားမှုအရှိန်အဟုန်တွေ လမ်းချော်မသွားစေဘို့ သတိပေးလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအတွက် ကြီးထွားမှုအတိတ်နိမိတ်တွေဟာ ဈေးကွက်တွေပေါ်ထွန်းစေခြင်းတို့ အပါအဝင်တို့ဟာ အဆိုးဖက်ကို ယိမ်းယိုင်သွားတတ်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို နောက်ပြန်အကျိုးဆုတ်ယုတ်မှုတွေ ဖန်တီးနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လောလောဆယ် ကုန်ပစ္စည်းတွေနဲ့ ရေနံစိမ်းတွေအပေါ် ဈေးနှုန်းသက်သာစွာ ရယူနိုင်ခွင့်တွေရှိနေပြီး၊ အဲဒီအခွင့်အရေးတို့ဟာ လာမဲ့နှစ်အနည်းငယ်မှာ ပျောက်ကွယ်နိုင်ဖွယ်ရှိပါတယ်။ ဒါကြောင့် ကြီးထွားမှုအရှိန်အဟုန်ကို ထိန်းသိမ်းကာကွယ်ဘို့အတွက် IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကြီးက ငွေကြေးဆိုင်ရာ ခိုင်မာတောင့်တင်းစေခြင်းနဲ့ ပြည်သူတွေရဲ့ အကြွေးအမှီတွေ ထပ်လောင်းလျော့ချဘို့ အကြံပြုခဲ့ပါတယ်။ IMF ဟာ အထူးသဖြင့် ဘဏ်လုပ်ငန်းနဲ့ အလုပ်သမားနယ်ပယ်တွေမှာ ရောင်းဝယ်ဖေါက်ကားရေးရာသီတိုးမြှင့်ဘို့နဲ့ ကြီးထွားမှုအတွက် ပိုမိုမြန်ဆန်စွာ ပြုစုထောက်ပံ့ဘို့ ညွှန်ပြခဲ့ပါတယ်။ IMF ဟာ ကောင်းစွာ လည်ပါတ်မှုမရှိတဲ့ ဘဏ်တွေရဲ့ ဥစ္စာပစ္စည်းတွေကို အကြီးအကျယ် လျော့ချပြီး၊ အထူးသဖြင့် အစိုးရပိုင် ဘဏ်တွေရဲ့ ငွေသားစွမ်းအားတိုးမြှင့်ဘို့ လုပ်ကိုင်ရေးကို ညွှန်ပြထားပါတယ်။ ဒီအဖွဲ့ကြီးက GST ပိုမိုထိရောက်စေဘို့ရာ ပစ်မှတ်မထားတဲ့ ထောက်ပံ့ကြေးတွေ ဖျက်သိမ်းပြီး၊ အုပ်ချုပ်ရေးအတွက် လမ်းကြောင်းဖွင့်ပေးဖို့ အကြံပြုထားပါတယ်။

ထင်ရှားတဲ့ အိန္ဒိယနိုင်ငံရဲ့ စွမ်းရည်ကတော့ ရောင်းဝယ်ဖေါက်ကားမှုကို နှောင့်နှေးစေတဲ့ ရှေးဟောင်းဥပဒေတွေနဲ့ စည်းမျဉ်းတွေကို ပယ်ရှားပြီး၊ ပြုပြင်ပြောင်းလဲရေးသို့ ရှေ့ရှုပြီး ပုံမှန်လှုပ်ရှားနေဒါဘဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကြီးထွားမှုကို ဦးတည်တဲ့ တင်ပို့ရောင်းချမှုနဲ့ ရင်းနှီးမြှပ်နှံမှုတွေကို စွဲဆောင်နိုင်ရေးအတွက် ပေါ်လစီမူဝါဒသစ်တွေကို ရေးဆွဲနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ဆက်လက်ပြီး ကမ္ဘာ့စီးပွားရေးရဲ့ သော့ချက်ကျ မောင်းနှင်သူတဦးအဖြစ် တည်ရှိနေရမယ်ဖြစ်ကာ ဆန်းသစ်တီထွင်မှုနဲ့ စီးပွားဖြစ်လုပ်ကိုင်ရေးကို အားတက်အတုယူစေမဲ့ ဇါတ်လမ်းတွေ ရေးသားရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Satyajit Mohanty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။