နိုင်ငံတော်စုံစမ်းထောက်လှမ်းရေးအေဂျင်စီ (NIA) သည် ၂၀၁၇ ခုနှစ် Lethpora အကြမ်းဖက်တိုက်ခိုက်မှုတွင် ပဥ္စမမြောက် စွပ်စွဲခံရသူကို ဖမ်းဆီးလိုက်သည်။

နိုင်ငံတော်စုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) သည် Jammu နှင့် Kashmir ပြည်နယ် Pulwama ခရိုင်ရှိ Lethpora ကျေးရွာ၌ လွန်ခဲ့သော ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော ဗဟိုအရံရဲတပ်ဖွဲ့ CRPF အုပ်စုအပေါ် အကြမ်းဖက်တိုက်ခိုက်မှု၌ ပါဝင်ပါတ်သက်ခဲ့သည်ဟု ပဥ္စမမြောက် စွတ်စွဲခံရသော Irshad Ahmad Reshi ကို ဖမ်းဆီးလိုက်သည်။ ယင်းတိုက်ခိုက်မှုကို Jaish-e-Mohammed အကြမ်ဖးက်အုပ်စု၏ အကြမ်းဖက်သမား (၃) ဦးတို့က ပြုလုပ်ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှု၌ အရံရဲတပ်ဖွဲ့ဝင် (၅) ဦး ကျဆုံးပြီး၊ ရင်ဆိုင်တိုက်ပွဲ၌ အကြမ်းဖက်သမား (၃) ဦး သေဆုံးခဲ့ကြသည်။ ထုတ်ပြန်ချက်တခုတွင် NIA သည် Reshi မှာ သော့ချက်ကျ ကြံစည်ကျူးလွန်သူတဦးဖြစ်ပြီး၊ အကြမ်းဖက်သမားများ ခိုလှုံနေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့၌ ထောက်ပံ့ကူညီခဲ့ပြီး၊ CRPF အရံရဲတပ်ဖွဲ့အုပ်စု၏ အနေအထားကို တိုက်ခိုက်မှုမပြုမှီ သတင်းပေးခဲ့သူဖြစ်ကြောင်း ဖေါ်ပြထားသည့် ယင်းထုတ်ပြန်ချက်၌ အဖမ်းခံခဲ့ရသော အဆိုပါစွပ်စွဲခံရသူမှာ အမာခံအကြမ်းဖက်သမားများအဖွဲ့ကြီး Jaish-e-Mohammed ၏ အမာခံအဖွဲ့ဝင်တဦးဖြစ်သည်ဟူ၍လည်း ဖေါ်ပြထားကြောင်း။